အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် တတိယအသုတ် ဆက်လက်ထိုးနှံပေးလျက်ရှိ

အောင်လံ အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စုများ တိုက်နယ် အလိုက်ဆေးထိုးစုရပ် ()နေရာခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)အား ပထမအကြိမ် တတိယအသုတ် ဆေးထိုးနှံပေးခြင်းကို အောက်တိုဘာလ ၁၂ ရက်နေ့နံနက်ပိုင်းမှ စတင်၍ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinopharm) ဆေးအမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ()ဦးနှုန်းထိုးနှံနိုင်ပြီး (၂၈)ရက်ပြည့်လျှင် ဒုတိယအကြိမ်ထိုးနှံပေးသွားမည်ဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ် ()နေရာမှ ရဟန်းသံဃာနှင့် ပြည်သူ စုစုပေါင်း(၁၀၈၈)ဦး တို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များက ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးသိန်း