ပန်းတနော်မြို့နယ်၌ အသက် ၁၂ နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်

ပန်းတနော်  အောက်တိုဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ် စီမံမှုဖြင့် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အနာဂတ် မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်မည့် အခွင့်အလမ်း ရရှိစေရန်အတွက် နိုင်ငံတော်ရဲ့အစီစဉ်ဖြင့် အသက် ၁၂ နှစ် အထက်ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ရာ ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ပညာရေးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ကျောင်းသား/သူများ၏ မိဘပြည်သူများအား  ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး လာရောက် ထိုးနှံနိုင်စေရေး တာဝန်ရှိသူများမှ ကျန်းမာ​​ရေးအသိပညာ ပေးဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်၊ ကျေးရွာများရှိ သတ်မှတ်ဆေးထိုးစုရပ် စာသင်ကျောင်း များတွင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ ဆက်)