ပုသိမ်မြို့နယ် ကမ်းနီကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ကန်ကြီးထောင့်မြို့နယ်ရှိ ကျေးရွာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နှင့် အိမ်ထောင်စုလူဦးရေစာရင်းများပေးအပ်

ပုသိမ်     အောက်တိုဘာလ    ၁၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပုသိမ်မြို့နယ် ကမ်းနီကျေးရွာအုပ်စု၊ သူတော်ကုန်းကျေးရွာခန်းမ၌ ၂၀၂၁ ခုနှစ်၊ ယမန်နေ့ နံနက်ပိုင်းအချိန်တွင် ပုသိမ်မြို့နယ် ကမ်းနီးကျေးရွာအုပ်စု (သူတော်ကုန်းကျေးရွာနှင့်ဇင်ပြွန်းကုန်းကျေးရွာ)များသို့ "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကာ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား သက်ဆိုင်ရာ ဒေသခံကျေးရွာသူ/သားများ တစ်ဦးချင်းထံသို့ နိုင်ငံသားစိစစ်ရေးကတ် ပြား(၂၁၅)ကတ် ပေးအပ်ခဲ့ရာ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ နေ့လည်ပိုင်းအချိန်တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ ဧရာသီရိသုခခန်းမတွင် ကျင်းပပြုလုပ်သော ကန်ကြီးထောင့်မြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စုအပါဝင် ကျေးရွာအုပ်စု ()အုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများပေးအပ် သည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာ ဒေသခံကျေးရွာသူ/ သားများ တစ်ဦးချင်းထံသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြား(၄၆၁)ကတ်နှင့် အိမ်ထောင်စုစာရင်းအခု(၃၀)ပေးအပ်ခဲ့ရာ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ် (ခရိုင်၊ ပြန်ဆက်)