လှိုင်းဘွဲ အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာတိုက်နယ်ဆေးရုံတွင် ဒေသနေ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသက်(၄၅)နှစ်အထက် ပြည်သူများ၊ မသန် စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထုများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါ ရှိသူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ရွှေဂွန်းတိုက်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်ဇော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပမာဏ တိုင်းပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန် ရှိသူများတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရွှေဂွန်းတိုက်နယ်ဆေးရုံတွင် စတုတ္ထအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယမန်နေ့ အထိ လူဦးရေ (၁၃၀၅)ဦးထိုးနှံပေး ခဲ့ပြီဖြစ် ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)