သာယာဝတီ အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆေးထိုးစုရပ်(၁၃)နေရာ၌ ထိုးနှံပေးလျက် ရှိသည်။
သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် ဒုတိယအကြိမ်ကို အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည် ရောဂါအခံရှိသူများ အုပ်စုကို အဓိက ထိုးနှံပေးရာ ယနေ့အထိ ထိုးနှံပေးပြီးသူ စုစုပေါင်း ၅၈၀၅ ဦးကို ထိုးနှံပေးပြီးဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးကြပြီး သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြိုနယ်ဌာနဆိုင်ရာ တာဝန်ရှိသူများတိုက ကြီးကြပ်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)