လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်း များ ကရင်၊ မြန်မာ နှစ်ဘာသာ ဖြင့် အသိပညာပေးနှိုးဆော်

လှိုင်းဘွဲ အောက်တိုဘာ ၁၄

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် နိုင်ရန်နှင့် ကြိုတင်ကာကွယ် ရမည့် နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာ ဖြင့်အသိပညာပေးနှိုးဆော်မှုများကို ယနေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။

 

အဆိုပါအသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်အတွင်း၌သာနေထိုင်ကြရန် ၊ပြင်ပမှလာသောဧည့်သည်များ လက်မခံ ကြရန်၊အခြားသူများထံသို့သွားရောက် လည်ပတ် ခြင်းမပြုရန်၊ မဖြစ်မနေအရေးကြီး ကိစ္စ ကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကိုစနစ်တကျ တပ်ဆင် ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာအောင်စနစ်တကျ ဆေးကြော ကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားကြရန် စသည့် အချက် များကို ပိုးကရင်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ရပ်ကွက်များအတွင်းလှည့်လည်၍ အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)