မိတ္ထီလာ အောက်တိုဘာ ၁၄
မိတ္ထီလာမြို့နယ်အတွင်း အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို ၆ဝ၁၆ ဦးအား တတိယ သုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးများပေးအပ်လျက်ရှိရာ ယနေ့နံနက် ၁ဝ နာရီ အချိန်က နန်းတော်ကုန်းရပ်ကွက်ရှိအဆိုပါသက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ ကြေးများကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သိရသည်။
တတိယ သုံးလပတ်အတွက် တစ်လကို တစ်သောင်းနှုန်းနဲ့ တစ်ဦးကို သုံးသောင်းကျပ်စီကို မြို့နယ် အတွင်းက အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို ၆ဝ၁၆ ဦး ကို လူမှုရေးပင်စင် ထောက်ပံ့ ကြေးများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေး အပ်တာဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းနန်းတော်ကုန်း ရပ်ကွက်အတွင်းက အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများထံ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါတယ်ဟု ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်ခင်မာထူး က ပြောသည်။
နိုင်ငံတစ်ဝန်းသက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရေးအတွက် ၂ဝ၁၄-၂ဝ၁၅ ခုဘဏ္ဍာ ရေးနှစ်တွင် အသက် ၁ဝဝ နှစ်အထက်၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှစ၍ အသက် ၉ဝ နှစ်နှင့် အထက် ၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်မှစ၍ အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်ထောက်ပံ့မှု အစီအစဉ်ကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက ဆောင်ရွက် လျက်ရှိရာ လက်ရှိအချိန်တွင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား၂၅ဝဝဝဝ ဦးခန့်ရှိကြောင်းသိရသည်။
ချမ်းသာ