လပွတ္တာ အောက်တိုဘာ ၁၄
လပွတ္တာမြို့နယ် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက် (၁၂) နှစ် အထက် ကျောင်းသား/ ကျောင်းသူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြပေးလိုက်ပါတယ်-
ဒေါ်ခင်နှင်းဆီ(လပွတ္တာမြို့နယ်ပညာရေးမှူး)
မေး။ ဆရာမကြီးရှင့် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်ကျောင်းတွေမှာ နိုင်ငံတော်အနေနဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့သိရတဲ့အတွက် ကာကွယ်ဆေး ထိုးနှံဖို့ ကြိုတင ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါတယ်ရှင့်။
ဖြေ။ ကျွန်မတို့က ၃၀ရက်နေ့ကတည်းက ၀န်ကြီးချုပ်လမ်းညွှန်မှုနဲ့ ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှာ ခရိုင်အုပ်ချုပ် ရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဌာနတို့နဲ့ Zoom meeting ကို တက်ရောက်ကြပါတယ်။ အဲတာပြီးတာနဲ့ အ.ထ.က(၂)မှာ ကျောင်းတွေကို အစည်းအဝေးခေါ်လိုက်ပါတယ်။ အခြေခံအချက်တွေဖြစ်တဲ့ ကလေးတွေရဲ့ ကျောင်းသားစာရင်းကို ဘယ်လိုယူကြမလဲ။ အလယ်တန်းနဲ့ အထက်တန်းဆိုတဲ့အတွက်ကြောင့် ကျွန်မတို့က မူလွန်ကနေ အထက်တန်းအဆင့်ထိဆိုတော့ ကျောင်းပေါင်း (၂၀၁)ကျောင်းရဲ့ ကျောင်းသားတွေကို ဘယ်လိုနည်းနဲ့ အချိန်တိုအတွင်း ရနိုင်မလဲဆိုပြီး စဉ်းစားဆုံးဖြတ်ခဲ့ ကြပါတယ်။ ပြင်ဆင်မှုတွေလုပ်ခဲ့ကြပါတယ်။ ၁၂နှစ်အထက်မှာ G-6 ရဲ့စာရင်းတွေနဲ့နေ့ချင်း ၂၄ နာရီအတွင်း စစ်ထုတ်လိုက်ပါတယ်။ အဲဒီအခါကျတော့ ၁၂နှစ်အထက်နဲ့၁၂နှစ်အောက်ဆိုပြီး ပေါ်လာပါတယ်။ G-6 ရဲ့ ၁၂နှစ်အထက်ကျောင်းသား စာရင်းကိုရရှိခဲ့ပါတယ်။ ကျွန်မတို့ မြို့နယ်မှာက ကျောင်းအပ်နှံပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံပြီး အလယ်တန်း အထက်တန်းအဆင့်မှာ ကျောင်းသားပေါင်း ၁၄၃၄၀ဦးရှိတယ်။ ပြီးတဲ့ အခါ ၁၂နှစ်အောက် ကလေးတွေကို နှုတ်လိုက်တဲ့အခါ ၅၁၉ဦးရရှိတယ်။ ၁၃၈၂၁ ဦးကျန်ရှိတယ်။ ကျောင်းအပ်နှံ ထားတဲ့ကျောင်းသား ၁၃၈၂၁ဦးကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်။
မေး။ ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးရာတွင်လည်း စနစ်တကျရှိစေဖို့ ဆောင်ရွက်ထားရှိတဲ့အခြအနေကိုလည်း သိချင်ပါတယ်ရှင့်။
ဖြေ။ ကျွန်မတို့က ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အခါမှာ အစီအစဉ်တကျထိုးနှံနိုင်အောင် ကျောင်းတွေမှာ သတ်မှတ်ထားတဲ့ နေရာတွေ မှာ SOP နဲ့အတူ ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်ထားတယ်။ SOPတွေကို အဆင်သင့်ဆောင်ရွက်ခိုင်းထားတယ်။ ကူညီနိုင်တဲ့ ပညာရေးဌာနက ဆိုဒ်အားလုံးကလည်း စနစ်တကျ ဆောင်ရွက်ထားပါတယ်။
မေး။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမယ့် စုရပ်နေရာတွေ ကိုလည်းသိချင်ပါတယ်ရှင့်။
ဖြေ။ စုရပ်အနေနဲ့ကတော့ ၁၂ဌာနခွဲထားပါတယ်။ မြို့ပေါ်အနေနဲ့ မြို့မကျန်းမရေးဌာနမှာ ထိုးနှံပေးဖို့စီစဉ်ထားပြီး ကျောင်းသားပေါင်း ၅၂၃၄ဦး ၊ ကျောင်းပေါင်း ၆၄ ကျောင်းပေါ့။ ကုန်းလမ်းသွားလို့ရတဲ့ နေရာတွေကို မြို့ပေါ်မှာခေါ်ယူပြီး ထိုးနှံပေးသွားမှာပါ။ ပြီးတော့ ဘိုကုန်း၊ ပြင်စလူ၊ ကန်ဘက်၊ ဘီတွတ်၊ ကကရံ၊ သိပ္ပံကုန်းကြီး၊ ကြာကန်၊ သစ်ပုတ်၊ ပိုးလောင်း၊ တူးမြောင်း၊ ဉာဏ်ကွင်းကံရွာ အဲဒီ ၁၂ဌာနမှာ စုရပ်အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ကျောင်းသား/ကျောင်းသူတွေကို စုရပ်တွေမှာ ကာကွယ်ဆေးထိုးနှံဖို့အတွက် အသိပေးချက်တွေကို ဘယ်လိုဆောင်ရွက် ထားပါသလဲရှင့်။
ဖြေ။ ကျွန်မက အစည်းအဝေးတွေကို အကြိမ်ကြိမ်ခေါ်ယူပြီး ညှိနှိုင်းခဲ့ပါတယ်။ ကိုဗစ် ကာကွယ်ဆေးထိုးနိုင်ဖို့ နယ်မြေမှူးတွေရှိမယ်။ မိသားစုခေါင်းဆောင်တွေရှိမယ်။ ကျောင်းအုပ်စုမှူးတွေကနေတစ်ဆင့် ကျန်တဲ့ ၂၀၁ကျောင်းက ကျောင်းအုပ်ကြီးတွေကို ဘယ်လိုကလေးမျိုးက ကာကွယ်ဆေးထိုးရမယ်။ ဘယ်လိုကလေးမျိုးက မထိုးရဘူး။ အလယ်တန်း၊ အထက်တန်း ကလေးတွေ အသက်၁၂နှစ် ပြည့်ပြီးတဲ့သူတွေ တစ်ဦးမှမကျန်ရှိလေအောင် ကာကွယ်ဆေးထိုး ဖို့လိုမယ်။ အဲလိုဆိုရင် ဆောင်ရန်၊ ရှောင်ရန်လည်းလိုတယ်။ ကျောင်းအုပ်တွေ၊ နယ်မြေမှူးတွေ၊ မိသားစုခေါင်းဆောင်တွေ၊ အုပ်စုခေါင်းဆောင်တွေကတဆင့်အသိ ပေးထားပါတယ်။ ပြီးတဲ့အခါကျတော့ မိဘတွေကလေးတွေကိုခေါ်ပြီး သဘောတူညီချက်လက်မှတ်ထိုးဖို့ကို ဒီနေ့ဆောင် ရွက်မှာဖြစ်ပါ တယ်။
မေး။ မကြာခင်မှာ အခြေခံပညာကျောင်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်တော့မယ်လို့သိရပါတယ်။ ကျောင်းတွေပြန်လည်ဖွင့်ဖို့ အတွက် နောင်ရွက်ထားရှိမှုလေး သိချင်ပါတယ်ရှင့်။
ဖြေ။ ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့အတွက် ၈လပိုင်း၊ ၉လပိုင်းကတည်းက အကြိမ်ကြိမ် ကျောင်းအတွင်း/အပြင် သန့်ရှင်းရေးတွ ေဆောင်ရွက်လျက်ရှိပါတယ်။
မေး။ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရာမှာ အဆင်ပြေပြေဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာန/အဖွဲ့အစည်း တွေကို သိပါရစေရှင့်။
ဖြေ။ ပူးပေါင်းဆောင်ရွက်ပေးနေတဲ့ဌာနတွေကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ လူမှု၀န်ထမ်း၊ စေတနာ့ ၀န်ထမ်း၊ မီးသတ်တပ်နဲ့ရဲ ၊ ကျောင်းသားမိဘတွေ အားလုံး ပါပါတယ်ရှင့်။
မေး။ ဆရာမကြီးတို့အနေနဲ့ အသိပညာပေးဆောင်ရွက်နေတဲ့ အပိုင်းကိုလည်း သိချင်ပါတယ်ရှင့်။
ဖြေ။ ကျွန်မတို့အနေနဲ့ အသိပညာပေးတဲ့အပိုင်းမှာတော့ အုပ်ချုပ်ရေးမှူးနဲ့ ဆရာ/ ဆရာမ တွေကိုခေါ်ပြီး အသိပညာပေးတယ်။ အဲကနေတစ်ဆင့် ကျောင်းသားမိဘတွေနဲ့ ပြည်သူတွေကို ဆင့်ပွားအသိပညာ ပြန်ပေးတယ်။ ပြီးတော့ “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ် ပန်းခင်းများဆီသို့” ဆိုတဲ့ ဗွီနိုင်းပိုစတာတွေကို မြေစိုက်ပိုစတာစိုက်ထူမယ်။ ပြီးတော့လက် ကမ်းစာစောင်ဖြန့်ဝေမယ်။ မိဘတွေရဲ့ သဘောထားထောက်ခံချက်တောင်းတဲ့အခါမှာ ကလေးတွေနဲ့ မိဘတွေကို ပြန်ပြီးဟောပြော တာတွေ ဆောင်ရွက်သွားမှာဘဲ ဖြစ်ပါတယ်။
မေး။ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအပေါ် ဆရာမကြီးရဲ့ ပီတိစကားသံလေးကို ကြားပါရစေရှင့်။
ဖြေ။ ကျွန်မတို့ ပညာရေး၀န်ကြီးဌာနလက်အောက်ရှိတဲ့ မြန်မာတစ်နိုင်ငံလုံးရှိ အလယ်တန်း၊ အထက်တန်း ပညာသင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မြို့ပြရော ကျေးလက်ပါမ ကျန် ကိုဗစ်-၁၉ ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးပြီးတဲ့အခါ ကျောင်းသား၊ ကျောင်းသူတွေဟာ ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ရည်ရော၊ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားတဲ့အတွက် ပညာကို ဆက်လက်သင်ယူနို်ငတဲ့ အခွင့်အလမ်းတွေ ဖြစ်လာမှာပေါ့နော်။ ပြီးတဲ့အခါကျောင်းပြန်ဖွင့် တဲ့အချိန် လမ်းညွှန်ချက်တွေနဲ့အညီ ကျောင်းတွေကို ပြန်ဖွင့်တဲ့အခါ ဆေးမထိုးထားသူရော သူတို့ရဲ့ ရွေးချယ်မှုပေါ် မူတည်ပါတယ်။ ကျွန်မပြောချင်တာက ကျောင်းသား/သူတွေအတွက် ပညာသင်ယူမှု အခွင့်အလမ်းတွေပိုပြီး ရရှိလာမဲ့အပြင် ပြည်သူလူထုဦးတည် အုပ်စုကာကွယ်ဆေးထိုးထားပြီးသည့်အတွက် လွှမ်းခြုံထားပြီးသွားမယ်၊ ဖြစ်ပေါ်လာမဲ့ကပ်ရောဂါကိုလည်း ကာကွယ်ပြီးသားဖြစ် ပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ဆရာမကြီးကို အထူးဘဲကျေးဇူးတင်ပါတယ်ရှင့်။
ဒေါ်အိအိမွန် (ပြန်/ဆက်)