အသက်(၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံမည့် အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း

ရွှေဘို အောက်တိုဘာ ၁၃

ရွှေဘိုခရိုင်အတွင်း အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရွှေဘိုခရိုင် ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဦးစိုးနိုင်နှင့်  တွေ့ဆုံမေးမြန်းမှုကို ရေးသားဖော်ပြလိုက်ပါသည်။

မေး။ မင်္ဂလာပါ ဆရာကြီးရှင့်၊ ဆရာကြီးရဲ့အမည်၊ ရာထူးနဲ့ တာဝန်ယူလုပ်ဆောင်နေတဲ့ အပိုင်းကိုသိပါရစေရှင့်

ဖြေ။ ။ ကျွန်တော်ကတော့ ရွှေဘိုခရိုင်ပညာရေးမှူး ဦးစိုနိုင်ဖြစ်ပါတယ်။ ရွှေဘိုခရိုင်အတွင်း လက်ရှိနယ်ပယ်မှာတော့ ရှစ်မြို့နယ်ရှိပါတယ်။ ရွှေဘိုအနေနှင့်ခြောက်မြို့နယ်ရှိပြီး ကန့်ဘလူခရိုင် နှစ်မြို့နယ် ကျွန်တော့အနေဖြင့် ရှစ်မြို့နယ် တာဝန်ယူဆောင်ရွက်နေပါတယ်။

မေး။ ဆရာကြီးတို့ရဲ့ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော် ရဲ့အစီအစဉ်နဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်၊ ကာကွယ်ဆေးထိုးနှံဖို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုအခြေအနေလေးကို သိပါရစေရှင့်။

 

ဖြေ။ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါတွေကြောင့် ကျောင်းများပိတ်ထားခဲ့ရပါတယ်။ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကျောင်းသား၊ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ထိုးနှံပေးဖို့ဆောင်ရွက် လျက်ရှိပါတယ်။ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းကို ၁၂.၁၀.၂၀၂၁ ရက်မှ .၁၁.၂၀၂၁ ရက်အတွင်းမှာ အပြီးထိုးနှံရမှာ ဖြစ်ပါတယ်။ ဒုတိယအကြိမ်ကို ၂၈ ရက်ကြာပြီး .၁၁.၂၀၂၁ ရက်မှ .၁၂.၂၀၂၁ ရက်အတွင်းထိုးနှံပေးဖို့လျာထား ပါတယ်။ ဦးစားပေးအနေနဲ့ အစိုးရကျောင်းတွေ၊ ဘကကျောင်းတွေနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတွေမှာ ယခု စာသင်နှစ်မှာ အပ်ထားတဲ့ ကျောင်းသူ၊ကျောင်းသားများကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

မေး။ ကာကွယ်ဆေးထိုးနှံတဲ့အခါ မြို့နယ်အလိုက်ဆေးထိုးမယ့် စုရပ်တွေကိုကော ဘယ်လိုသတ်မှတ်ထားပါသလဲရှင့်။

ဖြေ။ ကျွန်တော်တို့ ရွှေဘိုခရိုင်အနေနဲ့မြို့နယ် ခြောက်မြို့နယ်ရှိပါတယ်။ ရွှေဘိုမြို့နယ်မှာ ခြောက်နေရာ၊ ရေဦးမြို့နယ်မှာ သုံးနေရာ၊ ဝက်လက်မြို့နယ်မှာ လေးနေရာ၊ ခင်ဦးမြို့နယ်မှာ ခြောက်နေရာ၊ တန့်ဆည်မြို့နယ်မှာ နှစ်နေရာ၊ ဒီပဲယင်းမြို့နယ်မှာ တစ်နေရာ စုစုပေါင်း နှစ်ဆယ့်နှစ်နေရာမှာ ဆုံပြီးထိုးဖို့ စီစဉ်ထားပါတယ်။

မေး။ ဆရာကြီးရှင့်၊ အခုဆိုရင် ကာကွယ်ဆေးထိုးဖို့ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို သတ်မှတ်ထားတယ်ဆိုတော့ ကျွန်မတို့ ရွှေဘိုခရိုင်မှာ ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား၊ ကျောင်းသူ ဘယ်လောက်ထိရှိပါသလဲရှင့်၊ မြို့နယ်အလိုက် ပြောပြလို့ရရင် ပြောကြားပေးစေချင်ပါတယ်။

ဖြေ။ ဟုတ်ကဲ့ဗျ လက်ရှိအခြေအနေမှာတော့ ကျောင်းအပ်ထားတွေရှိတယ် ကျောင်းအပ်ပြီး မတက်သေးတာတွေ ရှိတယ်။

အထူးသဖြင့်တက်တဲ့သူတွေကို ဦးစားပေးထိုးနှံသွားမှာ ဖြစ်ပါတယ်။ ရွှေဘိုတစ်ခရိုင်လုံးအနေနဲ့ (၇၇၉၈) ဦး ကိုစတင်ထိုးနှံသွားမှာ ဖြစ်ပါတယ်။ ရွှေမြို့နယ်အနေနဲ့ (၂၇၅၅) ဦး၊ ရေဦးမြို့နယ်မှာ (၁၄၄၁) ဦး၊ ဝက်လက်မြို့နယ် မှာ (၁၃၅၇) ဦး၊ ခင်ဦးမြို့နယ်မှာ (၉၆၀) ဦး၊ တန့်ဆည်မြို့နယ်မှာ (၇၇၉) ဦး၊ ဒီပဲယင်းမြို့နယ်မှာ (၅၀၆) ဦး စုစုပေါင်း (၇၇၉၈) ဦး ကို လျာထားပါတယ်။

မေး ကာကွယ်ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာ လာရောက်ထိုးနှံကြဖို့ အသိပေးတာတွေ၊ အကြောင်းကြားတာတွေကို ဆရာကြီးတို့ အနေနဲ့ ဘယ်လိုဆောင်ရွက်ထားတာတွေ ရှိပါသလဲရှင့်။

ဖြေ။ ဟုတ်ကဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လည်းဘဲ မိဘတွေသိအောင် နိုင်ငံပိုင်မီဒီယာတွေကနေ ကြေငြာထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွှေဘိုခရိုင်အတွင်းမှာ လက်ရှိကျောင်းသား မိဘတွေကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများကနေ ကျောင်းကိုခေါ်ပြီး ကာကွယ်ဆေးထိုးဖို့အတွက် မိဘတွေရဲ့ သဘောတူညီကြောင်းမှတ်တမ်းတွေ ရယူထားပါတယ်။ ဒီကိစ္စတွေကိုပြီးခဲ့တဲ့တစ်ရက်နှစ်ရက်က ကျောင်းတိုင်းမှာ ဆောင်ရွက်ပြီးပါပြီ။ ဆောင်ရွက်ပြီးတော့ မှတ်တမ်းတွေနဲ့ စာရင်းဇယားတွေကို ထိုးနှံမဲ့အဖွဲ့တွေနဲ့ ဦးစီးကော်မတီဆီကို ညှိနှိုင်းပြီးတင်ပြထားပြီး ဖြစ်ပါတယ်။ မိဘတွေကိုသဘောတူညီကြောင်း မှတ်တမ်းယူလိုက်တဲ့အတွက် သူတို့သားသမီတွေကိုထိုးဖို့ဆိုတာ အသိပေးပြီးသား ဖြစ်သွားပါတယ်။ ထိုးနှံမည့်ရက်ကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ရက်ကိုတော့မိဘတွေဆီကို ကျယ်ကျယ်ပြန့်ပြန့် အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ဆရာကြီး ကာကွယ်ဆေးထိုးနှံဖို့အတွက် လုပ်ငန်းအောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်နေမှုအပိုင်းလေးလည်း သိချင်ပါတယ်ရှင့်။

ဖြေ။ ။ ကာကွယ်ဆေးထိုးဖို့ ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့တွေကတော့ အဓိကကတော့ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပါတယ်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရယ်၊ ကျန်မာရေး၊ လူမှုဝန်ထမ်းတွေ NGO တွေဒီအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ တစ်မြို့နယ်ချင်းစီအတွက် စီမံချက်တွေရေးဆွဲထားပါတယ်။ ခရိုင်စီမံချက်လည်း ရေးဆွဲပြီးဖြစ်ပါတယ်။ အဓိကကတော့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူမြို့နယ် ကျန်းမာရေးဦးစီးမှူးရဲ့ ညွှန်ကြားချက်အတိုင်း တသွေမတိမ်း လိုက်နာပြီးတော့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျွန်တောတို့ပညာရေးဌာနကတော့ ထုံးစံအတိုင်းကျောင်းသားစာရင်း ပြုစုတာတွေ ထိုးနှံမယ့်အချိန်ကျောင်းတွေမှာ လိုအပ်မဲ့နေရာကျောင်းသားတွေ ခေါ်ပေးတာ စာရင်းဇယားပြုစုပေးတာ ဒီအပိုင်းတွေကို ပညာရေးဌာနက တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း စုရပ်သတ်မှတ်ထားတဲ့နေရာတွေမှာ တစ်နေရာကို အနည်းဆုံး ဆရာ၊ဆရာမ ()ဦး၊ ( )ဦးကို တာဝန်ချထားပြီး ဖြစ်ပါတယ်။

မေး။ ။ ဆရာ၊ဆရာမတွေရော ကိုဗစ်ကာကွယ်ဆေးအားလုံး ထိုးနှံပြီးကြပြီးလားဆိုတာလည်း သိချင်ပါတယ်။

ဖြေ။ ဆရာ၊ဆရာမတွေအများစုကတော့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးကြပါပြီ သို့သော်လည်းဘဲ မထိုးဘဲ ကျန်ရှိနေတဲ့ ဆရာ၊ဆရာမစာရင်း ကောက်ယူပြီးဆက်လက် ထိုးနှံဖို့ညှိနှိုင်းဆောင်ရွက် နေပါတယ်။

မေး။   ကိုဗစ်ကာကွယ်ဆေးတွေလည်း ထိုးနှံပေးတော့မယ်၊ မကြာခင်လည်း အခြေခံပညာ ကျောင်းတွေ ပြန်လည်ဖွင့်ဖို့ရှိနေတယ်၊ ဆိုတော့ ကျောင်းတွေပြန်ဖွင့်ဖို့ ဘယ်လိုအစီအမံတွေနဲ့ ဆောင်ရွက်ထားတယ်ဆိုတာလည်း သိပါရစေ ဆရာကြီးရှင့်။

ဖြေ။ ကျွန်တော်တို့ ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းတွေပိတ်ထားရပါတယ်၊ ကာကွယ်ဆေးတွေထိုးနှံ ပြီးသွားပြီဆိုရင်တော့ ကာကွယ်ဆေးနှစ်ကြိမ် ပြည့်ပြည့်ဝဝ ထိုးနှံပြီးပြီဆိုရင်တော့ ဆရာ၊ဆရာမတွေရော၊ ကျောင်းသား၊ကျောင်းသူတွေပါ စိတ်ချလုံခြုံစွာနဲ့ ကျောင်းဝင်းအတွင်းမှာ စာသင်ကြားနိုင်မှာဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ပညာရေးဌာနအနေနဲ့ ကျောင်းတွေဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး နောက်ကိုဗစ် ရောဂါကာကွယ်ရေး ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်နှင့်အညီ ကျောင်းများဖွင့်လှစ်နိုင်ရေး တွေကို ဆောင်ရွက်နေပါတယ်။ နောက်တစ်ခုကကျောင်းဖွင့်ရင်လည်း သင်ကြားဖို့ ဆရာ၊ဆရာမတွေကိုလည်း စုဖွဲ့ထားဖို့ ဆိုပြီးအထက်ဌာနအဆင့်ဆင့်က ညွှန်ကြားချက်တွေကိုလည်း ရရှိပြီးဖြစ်ပါတယ်။ ကျောင်းဖွင့်ရင်ကျွန်တော်တို့ဘက်က အဆင်သင့်အောင် အားလုံးကျောင်းတွေမှာ စီစဉ်ဆောင်ရွက်ပြီးဖြစ်တယ်။

မေး။ ။ ဆရာကြီး၊ အခုလို ကျောင်းသား/ ကျောင်းသူတပည့်တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခွင့်ရတော့မည်ဆိုတော့ ဆေးထိုးနှံပေးမှုအပေါ် ဆရာကြီးရဲ့ပီတိစကားသံလေးကိုလည်း ကြားပါရစေ။

ဖြေ။ ။ ဟုတ်ကဲ့ဗျ၊ ကျွန်တော်တို့ကာကွယ်နှစ်ကြိမ်ထိုးနှံပြီးသွားရင်တော့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ကျောင်းဝင်းအတွင်းမှာ ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာလမ်း ညွှန်ချက်တွေနှင့်အညီ စိတ်ချလုံခြုံစွာ ပညာသင်ကြားနိုင်မှာဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရော ကမ္ဘာမှာပါ ကျောင်းတွေအသီသီး ပိတ်ထားရတယ် အခုဆိုရင် ဒီဆေးထိုးပြီး နောက်ပိုင်းကျွန်တော်တို့ ကျောင်းတွေပြန်ဖွင့်နိုင်မှာပါ အနာဂတ်သားကောင်းရတနာတွေဖြစ်တဲ့ လူငယ်တွေဟာ သင်ယူလေ့လာနေဖို့လိုအပ်ပါတယ်။ ဒီအတွက်ဒီလိုလေ့လာသင်ယူနိုင်ရန်အတွက် ကျောင်းတွေအမြန်ဆုံး ပြန်ဖွင့်ဖို့ အထူးလိုအပ်ပါတယ်။ ဒီလိုအမြန်ဆုံးပြန်ဖွင့်နိုင်အောင် ဆောင်ရွက်ပေးတဲ့အတွက် ကျွန်တော်အနေနဲ့ အတိုင်းမသိ ဝမ်းသာပါတယ်။

မေး။ ကျောင်းသား၊ကျောင်းသူတွေကို ကာကွယ်ဆေးထိုးဖို့ အစီအစဉ်နှင့်ပတ်သက်ပြီး ဆရာကြီး ဖြည့်စွက်ပြောစရာရှိရင်လည်း ပြောပေးပါအုံးရှင့်။

ဖြေ။ ဟုတ်ကဲ့၊ လူငယ်ဆိုတာ အစဉ်လေ့လာသင်ယူနေဖို့ပါတယ်၊ အစဉ်လေ့လာသင်ယူနိုင်ဖို့ ကျောင်းသားတွေစာသင်ခန်းထဲမှာ ရှိဖို့လိုပါတယ်။ ကျောင်းတွေအမြန်ဖွင့်ဖို့လိုပါတယ်။ အဲဒီတောကျောင်းတွေပြန်ဖွင့်တဲ့အခါမှာ ဆရာ၊ဆရာမတွေရော ကျောင်းသာ၊ကျောင်းသူတွေရော ဒီရောဂါရဲ့ အန္တရာယ်ကနေ လုံခြုံစိတ်ချစွာ သင်ကြားနိုင်ရေးအတွက် ဆရာ၊ဆရာတွေကတော့ အများစုလည်း ထိုးပြီးပါပြီ။ ကျောင်းသူ၊ကျောင်းသားများအနေနဲ့ ကြည့်ရင် နိုင်ငံတော်က ထိုးပေးတဲ့ ကိုဗစ်- ၁၉ ကာကွယ်ဆေးကို နှစ်ကြိမ်လုံးပြည့်ပြည့်ဝဝ ထိုးကြပါလို့ တိုက်တွန်းပြောကြားလိုပါ တယ်။

နန်းမြင့်