ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးနှင့် ပတ်သက်၍ ကြိုတင်အသိပေးလိုသည့် အချက်များ အသိပေးနှိုးဆော်

ကော့ကရိတ် အောက်တိုဘာ ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ််အတွင်း ကိုဗစ် - ၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်စေရေးနှင့်   အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးနှင့် ပတ်သက်၍ ကြိုတင်အသိ ပေးလိုသည့် အချက်များအား ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် ရန်အတွက် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ကြိုတင်အသိပေးလို သည့် အချက်များကို ယနေ့ နံနက် ၁၀နာရီ အချိန်က ကော့ကရိတ်မြို့ပေါ် ရပ်ကွက်ရှိ လမ်းဆုံလမ်း ခွတို့တွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်ချက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေး နည်းလမ်း များ၊ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ အလယ်တန်း၊အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းအတွက် မိဘများ၊ အုပ်ထိန်းသူများထံမှ သဘောတူ ခွင့်ပြုချက်ရယူနိုင်ရေး ကြိုတင်အသိပေးလိုသည့် အချက်များနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သော လမ်းညွှန်းချက်များနှင့်အညီ ကျောင်းများတွင် စိတ်ချလုံခြုံစွာ ပညာသင်ယူခွင့်ရရှိမည်စသည့် အချက်များ ပါဝင်ကြောင်း သိရှိရသည်။

စောအောင်မျိုးလွင်