ဘဝသစ်ကျေးရွာအုပ်စု၊ (၂)ဘဝသစ်ကျေးရွာတွင်အသက် (၄၅)နှစ်အထက် မိဘပြည်သူများကို ကိုဗစ်ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိ

အမာ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ (၂)ဘဝသစ်ကျေးရွာ၊ အလက(ခွဲ)ကျောင်း၌ ကိုဗစ်‌-၁၉ရောဂါ ကာကွယ်ဆေးအား ယနေ့နံနက်(၁၀)နာရီတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးရာတွင် ကာကွယ် ဆေးထိုးရ‌န်ကျန်နေသေးသည့် အသက် (၄၅)နှစ်အထက် မိဘပြည်သူများကို ကိုဗစ်ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကိုဗစ်‌-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ နယ်မြေခံတပ်ရင်းမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ လိုက်လံကြီးကြပ်၍ ကျေးရွာမှတာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

အမာ