အုတ်ဖို အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ(၉)ဦး ထပ်မံဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း သီးသန့်ထားရှိရာနေရာ အသီးသီးမှ ကျန်းမာရေးကောင်းမွန်သူ (၉)ဦးကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များ ပေးအပ်ကာ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက်ကြာ နေထိုင်ကြ ရန်နှင့် ကျန်းမားရေး အသိပညာပေး အမှာစကားများ ပြောကြားပေးခဲ့ပြီး လူမှုကူညီရေးအသင်းကားများ ဖြင့် နေအိမ်များသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ယမန်နေ့ ညနေ(၆)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၂၀၆၉) ဦးအနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ (၁၉၅၄) ဦးထိရှိပြီး သေးဆုံသူ ၉၄ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
အောင်သူ(အုတ်ဖို)