တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် နေထိုင်သွားရမည့် အချက်များနှင့် အသက် ၁၂ အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်

တောင်ငူ ​အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် နေထိုင် သွားရမည့် အချက်များနှင့် အသက် ၁၂ နှစ်အထက် ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်း ကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

​တောင်ငူမြို့နယ်တွင် အောက်တိုဘာ(၁၃)ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ အခြေအနေအရ ပိုးတွေ့ရှိမှု လျော့နည်းလာသော်လည်း  တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်သဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်သွား လာမှုရှိစေရေးအတွက် မိဘပြည်သူ များအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော် အသိပေးမှုများ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် အသက် ၁၂ အထက် ကျောင်းသား၊ ကျောင်းသူများအားလုံး ကာကွယ်ဆေးထိုးနှံပေးမည့်ရက် များတွင် ပါဝင်ထိုးနှံမှုရှိစေရေး ဆေးထိုးစုရပ်နေရာများအဖြစ်  အ.ထ.က (၁ ၊ ၂ ၊ ၅ ၊  နတ်စင်ကုန်း ၊ ကေတု၊ ကျေးအင်းထုံးဘို၊ လေးမိုင်နဲ့ အ.ထ.က (ခွဲ) စပါးကြွယ်၊ အ.လ.က (ညောင်စခန်း) နေရာ အသီးသီးတွင် ထိုးနှံနိုင်ရေးအတွက် သိရှိစေရန် နှိုးဆော်အသိပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ဇော်ထက် (တောင်ငူ)