ဟိုင်းကြီးကျွန်း အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဝါးကုန်းကျေးရွာအုပ်စု တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ်ဦးစီးမှူးရုံးမှ ဦးဖြိုးဝေစိုး ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို (၁၁.၁၀.၂၀၂၁)ရက် နေ့နှင့် (၁၂.၁၀.၂၀၂၁) ရက် နေ့ နံနက်ပိုင်းမှစ၍ (၂)ရက်ကြာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်း ကို ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်၁၉ ညွှန်ကြားချက်များနှင့်အညီ ၁၀နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃(က)တွင်ကျား (၆၇)ဦး၊ မ (၇၆)ဦး၊စုစုပေါင်း (၁၄၃)ဦးကို လည်းကောင်း၊ ၁၈နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၆(က)တွင် ကျား(၃၀)ဦး၊ မ(၂၈)ဦး၊ စုစုပေါင်း(၅၈)ဦးကိုလည်းကောင်း၊ ၁၀နှစ်မှ၁၈နှစ်ပြည့် လဲလှယ်တွင် ကျား(၃၄)ဦး၊ မ (၃၅)ဦး၊ စုစုပေါင်း (၆၉)ဦးကိုလည်းကောင်း၊ ပျောက်ဆုံး၊ ပျက်ဆီးထုတ်ပေးခြင်း တွင် ကျား(၅၅)ဦး၊ မ(၅၇)ဦး၊ စုစုပေါင်း(၁၁၂)ဦးကိုလည်းကောင်း ကတ်အမျိုးမျိုး ဆောင်ရွက်ပေးလျက်ရှိရာ ဝါးကုန်းကျေးရွာ အုပ်စုတွင် စုစုပေါင်း ကျား (၁၈၆)ဦး၊ မ(၁၉၆)ဦး၊ စုစုပေါင်း(၃၈၂)ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
နွေးနွေးအောင်ကြွယ်