မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်နှင့်စွန်ဆည် ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိ

မြို့သစ်  အောက်တိုဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန က သိရသည်။

ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀) ပေဖြစ်ပြီး လက်ရှိရေအ မှတ်မှာ(၅၆၁)ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် ( သုည ဒသမ ငါးပေခန့်) ရေပိုလွှဲမှ ရေကျော် ကျလျက်ရှိပြီး စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီးလက်ရှိရေအမှတ်မှာ (၆၂၅ ဒသမ ၇၀) ပေရှိသည့်အတွက် (သုည ဒသမ ခုနှစ်ပေ)ခန့် ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း သိရသည်။

ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံ၏ ရေပိုလွှဲမှ  ဆက်လက်ရေကျော်ကျမှု ရှိသော်လည်း  ဆည်အနီးအနားရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေး ညီ အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက် ထံက သိရသည်။

ဝင်းအိဇွန်