ကျိုက်လတ် အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ခံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မဈေးကြီးအ တွင်းအသိပညာပေး နှိုးဆော်လျက်ရှိကြောင်းသိရသည်။
ထိုသို့ အသိပညာပေး လိုက်လံနှိုးဆော်ရာတွင် ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူရာတွေ့ရှိမှု လျော့နည်း နေသော်လည်း ကိုဗစ်-၁၉ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်း၌ သာနေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာ ကြရန် အခြားသူများနှင့်အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောရန်နှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ထိတွေ့ခြင်းမပြုလုပ်ရန်၊အပြင်ထွက်ရာမှပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်၊ မိဘပြည်သူများ၊ အသက်၁၂နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများလည်း ကိုဗစ်-၁၉ရောပါ ကာကွယ်ဆေးများ မပျက်မကွက် ထိုးနှံကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါကို လျှင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် Hand speaker များဖြင့် လှည့်လည်၍ တိုက်တွန်းနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ အောက်တိုဘာလ၁၂ရက် နေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်းမှာ (၄၁၈)ဦးရှိပြီး ပြန်လည်ကျန်းမာလာသူ စုစုပေါင်း (၃၄၉)ဦး၊ ပိုးတွေ့လူနာ သေဆုံးသူပေါင်း (၆၅)ဦး၊ ကုသဆဲလူနာ(၄)ဦး ရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ဌေးဌေးလှိုင်
ကျိုက်လတ်( ပြန်/ဆက်)