ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန် အသိပေး နှိုးဆော်ချက်များ ဆောင်ရွက်

ဝါးခယ်မ အောက်တိုဘာ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ သိရှိလိုက်နာရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အသိပညာပေး နှိုး​ဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့မနက်ပိုင်းက မြို့အတွင်းရှိ ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွတို့တွင် လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာ​ပေးတိုက်တွန်းနှိုး​ဆော်ရာတွင်  ဝါးခယ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် လိုက်နာရမည့် အချက်များ၊ ကြိုတင်ရှောင်ရှားရမည့် အချက်များကို  သိရှိလိုက်နာဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု‌ကို တားဆီးကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အတွက် အသိပညာပေး နှိုးဆော်မှုများကို မြို့အတွင်းလိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အတွင်း၌ ယနေ့အထိပိုးတွေ့လူနာ ရဟန်း(၁၈)ပါး၊ ကျား(၃၃၈)ဦး၊ မ(၄၃၉)ဦး၊ စုစုပေါင်း(၇၉၅)ဦး၊ ဆေးရုံဆင်းခွင့်ရသူ ရဟန်း(၁၄)ပါး၊ ကျား(၂၅၇)ဦး၊ မ(၃၅၄)ဦး၊ ပေါင်း(၆၂၅)ဦး၊ သေဆုံးလူနာ ရဟန်း(၄)ပါး၊ ကျား(၇၄)ဦး၊ မ(၆၈)ဦး၊ ပေါင်း(၁၄၆)ဦး၊ ကုသမှုခံယူဆဲလူနာ ရဟန်းမရှိ၊ ကျား(၇)ဦး၊ မ(၁၇)ဦး၊ ပေါင်း(၂၄)ဦးရှိကြောင်း ကျန်းမာရေးဌာနက သိရသည်။

စောသန္တာဦး