မအူပင် အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများဝန်ထမ်းများသည် ယနေ့ နံနက် ၇နာရီခွဲ အချိန်က ရွှေဘုန်းမြင့်ဘုရားတွင် စုပေါင်းသန့်ရှင်းရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးလုပ်ဆောင်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လွင်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း ဦးဆောင်၍ ခ.လ.ရ (၅၁)ဗိုလ်ကြီးအောင်ဝေယံဦး၊ ခရိုင်/မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် အားပေးခဲ့ပြီး ခရိုင်/မြို့နယ်ရဲတပ်ဖွဲဝင်များခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက မအူပင်မြို့ရွှေဘုန်းမြင့်ဘုရားရင်ပြင်တွင် သန့်ရှင်းရေးလုပ်ဆောင်ခြင်းများစုပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
အောင်ခိုင်(မအူပင်)