ကမမောင်း အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ကမမောင်းမြို့တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှထိုးနှံရခြင်းမရှိသေးသည့် ပြည်သူစုစုပေါင်း(၆၀၀) ဦးအတွက်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) first dose ထိုးနှံပေးခြင်းကို တတိယနေ့အထိ ယနေ့နံနက် ၉နာရီခွဲအချိန်မှစတင်၍ မြို့အုပ်ချုပ်ရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျန်းမာရေးဌာနမှ ဝန်ထမ်းများကဆက်လက်၍ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ပေးရာတွင် ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများ၊ရပ်/ ကျေးစာရေးများ၊မြို့ကြက်ခြေနီ အဖွဲ့ခွဲငယ်မှ ကြက်ခြေနီတပ်ဖွဲ့ ဝင်များကကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်း၊သွေးအတွင်းအောက်စီဂျင်ပါဝင်မှုပမာဏတိုင်းတာပေးခြင်း၊အမည်၊မှတ်ပုံတင်စာရင်း၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်ရေးမှတ်ခြင်းတို့ကိုပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ကို ဒုတိယ အသုတ်အနေဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့၌ ပြည်သူစုစုပေါင်း (၁၃၀၀)ဦးကိုfirst dose ထိုးနှံပြီးစီးခဲ့ပြီး၊ယခုဆေးခွဲတမ်းရရှိမှုအရ ပြည်သူ(၆၀၀)အားထပ်မံ၍ first dose ထိုးနှံပေးပြီးခဲ့လျှင် ဒုတိယအသုတ်အုပ်စုအဖြင့် ပြည်သူစုစုပေါင်း(၁၉၀၀)ဦးကို ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ မနက်ဖြန် နံနက်ပိုင်းမှစတင် ဒုတိယအသုတ် first dose ထိုးနှံပြီးခဲ့သောအသက်၁၈ နှစ်နှင့် အထက်ပြည်သူများကို second dose ထိုးနှံရန်သတ်မှတ်ရက်ပြည့်သူများအား ဆက်သွယ်၍ ခေါ်ယူပြီး မြို့အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမနှင့် အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်းတို့တွင် စုရပ်ထားထိုးနှံပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးကြောင်းမှတ်တမ်းကတ်ပြားကိုပါ ပေးအပ်သွားမည် ဖြစ်ကြောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူက ပြောသည်။
လင်းသန့်(ပြန်/ဆက်)