သာယာဝတီမြို့၌ ၂၀၂၁ ခုနှစ်ဆောင်းသီးနှံတွင် နေကြာသီးနှံသီးညှပ်စိုက်ပျိုးခြင်းအတွက် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်

သာယာဝတီ အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၁ ခုနှစ်ဆောင်းသီးနှံ သီးညှပ်စိုက်ပျိုးခြင်းအတွက် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို အင်းရွာကျေးရွာရှိ တောင်သူလယ်သမား သင်တန်းကျောင်းတွင် ယန့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူကအဖွင့်အမှာ စကားပြောကြားပြီး ၂၀၂၁-၂၀၂၂ ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ပဲမျိုးစုံစိုက်ဧကများအတွင်း နေကြာမျိုးစေ့ သီးနှံသီးညှပ်စိုက်ပျိုးခြင်းအတွက် ရွှေနေကြာ(၂) နေကြာမျိုးစေ့အား ဧက(၂၀၀)အတွက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအေးလူနှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းဟိုတို့မှ ထောက်ပံ့ပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးကလက်ခံရယူခဲ့သည်။

အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူလယ်သမားများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)