ဘောဂလိမြို့တွင်  ရာသီသီးနှံတစ်ခုဖြင်သော  ချဉ်ပေါင်ဖာလာသီးများပေါ်ချိန်  ဒေသခံများ  ပုံမှန်ဝင်ငွေ  ရရှိ 

ဘောဂလိ    အောက်တိုဘာ   ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ဘောဂလိမြို့တွင်   ရာသီသီးနှံတစ်ခုဖြစ်သော   ချဉ်ပေါင်ဖာလာ သီးများ   ပေါ်ချိန်ဖြစ်၍   ဒေသခံများ  ခူးဆွတ်လျက်ရှိပြီး     ပုံမှန်ဝင်ငွေရရှိကြောင်း သိရသည်။

ဘောဂလိမြို့သည်  တောင်ပေါ်ဒေသမြို့လေးတစ်မြို့ဖြစ်၍    ဥယျာဉ်ခြံလုပ်ငန်းကို  အဓိက ထား    လုပ်ကိုင်ကြပြီး   ရာသီသီးနှံများစွာရှိသည့်အနက်   ချဉ်ပေါင်ဖာလာသည်လည်း  တစ်ခု အပါဝင်ဖြစ်သည်။  ချဉ်ပေါင်ဖာလာသီးများကို  ‌ဒေသခံများက  ခူးဆွတ်ကြပြီး  အခွံအုပ်ခြောက် နှင့်   အစေ့ခြောက်ဟူ၍  ရောင်းချကြသည်။ 

ယခုအချိန်တွင်  ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေချိန်ဖြစ်သော်လည်း  ချဉ်ပေါင်ဖာလာအခွံအုပ်ခြောက်  တစ်ပိဿာလျှင်  ကျပ်(၆၀၀၀)ခန့်ရရှိ၍     ဒေသခံများ  ပုံမှန်ဝင်ငွေရရှိ ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)