ကျွန်းစုမြို့တွင် ကိုဗစ်လူနာသစ် (၆) ဦးတွေ့ရှိရပြီး ဆေးရုံမှ ဆင်းသူ (၁၅) ဦးရှိ

ကျွန်းစု အောက်တိုဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အောက်တိုဘာလ (၁၁) ရက်နေ့နှင့် (၁၂) ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် ပိုးတွေ့လူနာ(‌၆)ဦး တွေ့ရှိရပြီး ဆေးရုံမှဆင်းသူ (၁၅) ဦး ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ဖျားနာနေသူများ၊ ရောဂါပိုးတွေ့ လူနာများနှင့် ဆက်စပ်ထိတွေ့သူများအား (RDT) ဖြင့် စစ်ဆေးခဲ့ရာ ချောင်းညီကို ကျေးရွာမှ(၂)ဦး၊ ကံမော်ကျေးရွာ မှ (၄) ဦး၊ စုစုပေါင်း (၆) ဦး၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါ ကြပ်မတ်ကုသဆောင်များတွင် ဆေးဝါးကုသမှုခံယူလျက်ရှိပြီး ဆေးရုံအသီးသီးမှ ဆေးရုံဆင်းသူ (၁၅) ဦးရှိကြောင်း သိရသည်။

ကျွန်းစုမြို့နယ်အတွင်း ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ (၁၃၇၇) ဦး၊ ရောဂါပိုး ကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရသူ (၁၃၀၅) ဦးနှင့် သေဆုံးသူ မ (၃၀) ဦး ရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)