ဝေါ - အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် အသက်(၃၅)နှစ်အထက်ရှိသူများအား ယနေ့၊ နံနက် ၉ နာရီတွင် ဝေါမြို့၊ မြို့နယ်ခန်းမဆောင်၌ Phase(3) Sinopharm(5)Dose အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဆွေးနွေးဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဝေါမြို့နယ်တွင် ပထမအကြိမ် Phase(3) Sinopharm(5)Dose အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံသည့် အသက်(၃၅)နှစ်အထက်(၁၀,၆၆၅)ဦးအား ဆေးထိုးစုရပ် (၃၀) နေရာတွင် ဆေးထိုးအဖွဲ့(၁၀)ဖွဲ့ဖြင့် အောက်တိုဘာ(၁၂)ရက်မှ အောက်တိုဘာ (၁၄)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)