ဖျာပုံ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်အပေါ် (အောက်တိုဘာလမှမတ်လ)အထိ ဒေသန္တရစီမံကိန်း ဥပဒေတွင် ပါဝင်သော စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GTP)နှင့် ငွေလုံးငွေရင်းအသုံးစရိတ်အဖြစ် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများနင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် အားနည်းချက်၊ အားသားချက်များနှင့် သက်ဆိုင်သောအချက်အလက်များကို ဖော်ဆောင်နိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီအချိန်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြသည်။
အဆိုပါ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လဒေသန္တရ စီမံကိန်း တာဝန်ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်က အဖွင့်အမှာစကား ပြောကြားရာတွင် "ဖျာပုံမြို့နယ်အနေဖြင့်(၆)လ Budjet ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများကို ဌာနဆိုင်ရာများရဲ့ တင်ပြချက်အရ၊ ဌာနဆိုင်ရာများက ကဏ္ဍအလိုက် စီမံကိန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့လိုကြောင်း" ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက၊ စီမံကိန်းတာဝန်များကို ပေးအပ်ကြရာ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်ဝင် ဌာနဆိုင်ရာများက အသီးသီး လက်ခံရယူကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်