ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရေဂါကာကွယ်ဆေးထိုးနှံမည့် အသက်(၁၂)နှစ်အထက်ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ပေးနိုင်ရေး သင်တန်းပို့ချ

ပခုက္ကူ  အောက်တိုဘာ ၁၂

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အခြေခံပညာကျောင်းများရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ထိုးနှံမည့် အသက်(၁၂) နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနိုင်ရေးအတွက် အောက်တိုဘာလ ၁၂ရက် နံနက် ၁၁နာရီအချိန်က ပခုက္ကူမြို့၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချသည်။

 

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမည့် အခြေခံပညာအလယ်တန်း၊အထက်တန်းကျောင်းများရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမည့် အသက်(၁၂)နှစ်အထက်ကျောင်းသား၊ကျောင်းသူများမှ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားကိုင်ဆောင်ထားခြင်းမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနိုင်ရေးသင်တန်းဖွင့်လှစ် ပို့ချခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျေင်းအုပ်များနှင့် ဆရာ/ဆရာမများအား ရှေ့ပြေး လျှောက်လွှာ(ပုံစံ နိုင်-၂)ဖြည့်သွင်းနည်း၊နိုင်ငံသား၏ကိုယ်ရေးမှတ်တမ်းဖြည့်သွင်းနည်းများအကြောင်းတို့ကို ပရိုဂျတ်တာဖြင့် စာတွေ့၊လက်တွေ့စနစ်တကျရှင်းလင်းပို့ချရာ မြို့နယ်ဦးစီးမှူးရုံးက ဝန်ထမ်းများက လိုက်လံဖြည့်ဆည်းဆောင်ရွက်ပေးကြ သည်။

 

ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူ အလယ်တန်း(၃၄၆၁)ဦး၊ အထက်တန်း(၁၁၇၆)ဦး စုစုပေါင်း(၄၆၃၇)ဦးရှိကြောင်း၊ အဆိုပါကျောင်းသား၊ကျောင်းသူများအား ပခုက္ကူ အထက-၁၊အထက-၂၊ အထက-ကမ္မ၊အထက-မြစ်ခြေ၊ အထက-ကျွန်းချောင်း၊ အထက-နန်းတော်ရပ်၊ အထက-ဝါဇီနှင့်ထက(ခွဲ)ဒဲ့ပြား စသည့် ဆေးထိုးစုရပ်(၈)ခုခွဲ၍ ကျန်းမာရေးဌာနမှဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက အောက်တိုဘာလ ၁၄ရက်နေ့မှစတင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)