ပလောက် အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့အတွင်း ရှိပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင် ရန်အတွက် အသက်(၁၈)နှစ် နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ဆက်လက်ထိုးနှံပေးခြင်းကို ပလောက်မြို့ကျန်းမာရေး ဦးစီး ဌာနမှ ဝန်ထမ်းများအား အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်(၉)နာရီအချိန်ခန့်တွင် ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ရွှေသီလာရတနာခန်းမ၌ ဆက် လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား မြို့ ကျန်းမာရေး ဝန်ထမ်းများ က အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း တို့ကို ပြုလုပ် ဆောင်ရွက်ပေးပြီး ၊ ကျန်းမာရေး အခြေအနေအပေါ်မူတည်၍ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးသည့်နေရာသို့ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း အလားတူပြည်ခြား ကျေးရွာအုပ်စု၊ ကျောက်မှော်ကျေးရွာ၊ အလက ခွဲကျောင်းတွင်လည်း အသက်(၁၈)နှစ် နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး(ပထမအကြိမ်) ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းနှင့် အောက်တိုဘာလ ၁၁ ရက်နေ့အထိလူဦး ရေ(၁၄၁၅)ဦး ကိုထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
နှင်းမြူလွင်(ပလောက်)