ဖြစ်ထွန်းလျက်ရှိသော မျိုးစေ့ထုတ်မိုးစပါးစိုက်ခင်းများ စပါးအထွက်ကောင်းမွန်‌စေရေး တောင်သူအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေး

ရေဦး အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာများဖြစ်သည့် မုတ်စီ၊ ချမ်းသာ၊ ရေဦးကုန်း၊ တမာတော နယ်မြေအတွင်းရှိ မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ စင်တာအလိုက်စိုက်ပျိုးရေး၀န်ထမ်းများမှ တောင်သူအကျိုးပြုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

တောင်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရေးအတွက် အောက်တိုဘာ ၁၂ ရက်နံနက်ပိုင်းက မကျီးနီကျေးရွာ  မျိုးစေ့ထုတ် တောင်သူဖြစ်သည့် ဦးညွန့်၀င်း ကွင်းအမှတ် (၂၁၂၄ ) ဧရာမင်း၊ ရွှေဘို ပေါ်ဆန်း (RS - CS) တစ်ဆက်တစပ်တည်းဧက ၂၀ တွင်းကွင်းဆင်း၍ ဥကပ်ပါးနဂျီကတ်၊ အဝါရောင်ပိုး ထောင်ချောက် ကတ်စိုက်ထူခြင်း၊ မျိုးကွဲပယ်ခြင်း၊ စိုက်ခင်းနှင့်၀န်းကျင် လေ၀င်လေထွက်ကောင်းမွန်စေရေး ပေါင်းမြက်ရှင်းလင်းခြင်းနှင့်ရေ၀င် ရေထွက်ကောင်းမွန်ရေး ရေနုတ်မြောင်းပြုပြင်ပေးခြင်းများဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

" မျိုးစေ့ထုတ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းကာ မျိုးအရည်အသွေး ပြည့်မီစေရေး အတွက် အဓိကက တောင်သူအပေါ်မှာမူတည်ပါတယ်၊ ရေသွင်းရေထုတ်ရေပြန်သွင်းပြုလုပ်ပါ၊  စပါးပင်များကြား တမန်းနှိုးပေးပါ။ နွေမှာနွေထည်ရေးခံပေးပါ၊ နွေထည်ရေးခံထားလျှင်ပိုးမွှားရောဂါကျရောက်မှု နည်းသွားမယ်၊ နီတိုဖြစ်မှုလျော့နည်းလာမယ်၊ စက်ဖွဲပြာ၊ အပင်နှင့်တိရစ္ဆာန်မှရနိုင်သည့်ဆွေးမြေ့သဘာ၀မြေဩဇာ‌‌ထည့်ပေး ထားရပါမယ်၊ ဓာတုဓာတ်မြေဩဇာလျှော့သုံးပါ။ ပိုးကျရောက်ခဲ့ပါကဓာတုပိုးသတ်ဆေးများ သုံးသင့်မသင့် စိုက်ပျိုးရေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနည်းလမ်းရှာပါ။ စပါးပင်တွေနီတာဝါတာကတော့ အပင်အာဟာရ ဓာတ်ချို့တဲ့ပြီး အဆိပ်သင့်တာတွေရှိသလို ရွက်စင်းရောဂါ၊ ရွက်ဖုံးခြောက်ရောဂါ၊ ရွက်ညိုပြောက် ရောဂါတွေ လည်းဖြစ်တတ်ပါတယ်၊ ဒါ့ကြောင့် ရေသွင်းရေထုတ်မှန်မှန်ပြုလုပ်ပါ၊ စပါးပြီးစပါးမစိုက်ဘဲ သီးလှည့်စိုက်သွား မည်ဆိုပါက အထွက်နှုန်းကောင်းပြီး အရည်အသွေးပြည့်မျိုးစပါးများ ရရှိနိုင်မှာဖြစ်ပါတယ်" ဟု စိုက်ပျိုးနည်း ပညာပေးစင်တာ တာ၀န်ခံ ဦးအောင်ကျော်ဦးက ပြော၍သိရသည်။

မြို့နယ်(ပြန်/ဆက်)