မြဝတီ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊မြဝတီမြို့တွင် ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် မည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်(၁၁)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်က ပန်းခင်းစီမံချက်ဖြင့် ရက်ပေါင်း(၁၈၀)အတွင်း အချိန်မီ ပြီးစီးနိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတာ ဝန်ရှိသူများနှင့်ပူးပေါင်း၍ လုပ်ငန်းများ အချိန်မြန်ပြီးစီးနိုင်ရေး ဆောင်ရွက်၍ ပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်းဦးစီးမှူးဦး ကျော်စိုးထွန်းက ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ခုနှစ်ဇွန်လမှ ဒီဇင်ဘာလအထိ ရက်ပေါင်း(၁၈၀)အတွင်း လုပ်ငန်းများ အချိန်မီပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ လုပ်ငန်းအားလုံး၏ ၃၁ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသော လုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရေးအတွက် ယခုတက် ရောက်လာကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှလည်း ပန်းခင်းစီမံချက်အနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းတို့ကို လုပ်ငန်းစဉ်အဆင့်ဆင့်အချိန်မီပြီးစီးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြစေရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တတ်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့်ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းများ အပေါ်ပြန်လည်ဆွေးနွေး ပြောကြားပြီး သက်ဆိုင် ရာတာဝန်ရှိသူများမှလည်း ပြန်လည်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်