ငပုတော အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီးပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အသက်(၁၂)နှစ်အထက်ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေး "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ် ပန်းခင်းများဆီသို့" အသိပညာပေး ဆိုင်းဘုတ်များကို ယနေ့ နံနက်ပိုင်းမှစ၍ လူစည်ကားရာနေရာများတွင် စိုက်ထူလျက်ရှိကြောင်း သိရသည်။
အဆိုပါ "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သောအနာဂတ်ပန်းခင်းများဆီသို့" "ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးကြပါစို့" အသိပညာပေးဆိုင်းဘုတ်များကို ငပုတောမြို့ အ.ထ.က ကျောင်းရှေ့တွင်လည်းကောင်း၊ အရှေ့ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးရှေ့ တွင်လ ည်းကောင်း၊ မြို့ပတ်လမ်းဆုံ၌လည်းကောင်း အသီးသီးစိုက်ထူဆောင်ရွက်ခြင်း ကိုငပုတောမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ကြီးကြပ်၍ ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံရာတွင် မိဘအုပ်ထိန်းသူများ ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရန်အတွက် အသိပညာပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှင်းယုမော်(ပြန်/ဆက်)