စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြုပြင်ဆောင်ရွက်နေသည့် သွေးကျောက်ချောင်း တံတားအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

 

ကသာ အောက်တိုဘာ ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေကျပ်(၁၄.၆)သန်းဖြင့် ပြုပြင်ဆောင်ရွက်နေသည့်  ကသာမြို့နယ်၊ ကျန်တောကျေးရွာအုပ်စု၊ ကျန်တောကျေးရွာ (ကသာ-ပြည်သာယာ-သိမ်အင်း) ကတ္တရာ လမ်းမပေါ်ရှိ သွေးကျောက်ချောင်းသစ်သားတံတား ပြန်လည်ပြုပြင်တည်ဆောက်နေမှုအခြေ အနေများ ကို ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များက အောက်တို ဘာလ(၁၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်ခန့်က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါတံတားပြုပြင် တည်ဆောက်နေမှုနှင့်ပတ်သက်၍ တံတားပြန်လည်ပြုပြင်ရေးလုပ်ငန်း အဖွဲ့ခေါင်းဆောင် ဦးသင်းအောင် (အင်/ယာမှူး)က ယခင်တည်ဆောက်ထားမှုအခြေအနေ၊ ယခုပြင်ဆင် ဆောင်ရွက်မှုအခြေအနေနှင့် တံတားအတွက် လိုအပ်သည့် သစ်များရရှိမှုအခြေအနေများကို အသေးစိပ် တင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို အခြားသောဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး တံတားပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ခွင့်ပြုရန်ပုံ ငွေအပေါ်မူတည်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့် သတ်မှတ်အရည်အသွေးများပြည့်မီသော ပစ္စည်းများ ကိုသာ အသုံးပြုရန်နှင့် ပြည်သူအများ ခရီးသွားလာမှုအဆင်ပြေစေရန်အတွက် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင် အမြန်ဆုံးဆောင်ရွက်ရန် တံတားပြန်လည်ပြုပြင်ရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိ သူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ပြန်လည်ပြုပြင်တည်ဆောက်နေသည့် သွေးကျောက်ချောင်းသစ်သားတံတားသည် ၁၉၇၀ ခုနှစ် တွင် စတင်အသုံးပြုခဲ့ပြီး ပျက်စီးယိုယွင်းမှုများကို ယခင်ကာလများက အုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်သာယာ ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ပျက်စီးသည့်အစိတ်အပိုင်းများအလိုက် ပြင်ဆင်အသုံးပြုခဲ့ ကြပါသည်။ ယင်း ကသာ-ပြည်သာယာ-သိမ်အင်း ကတ္တရာလမ်းမပေါ်ရှိ သွေးကျောက်ချောင်းသစ်သား တံတားသည် စုစုပေါင်းအလျားအနံ(၂၂၄ x ၁၄)ပေနှင့် (၄၀)ပေ ခန်း(၂)ခန်း၊ (၂၅)ပေခန်း(၂)ခန်း၊ (၂၄)ပေခန်း (၂)ခန်း၊ (၂၃)ပေခန်း(၂)ခန်းရှိပြီး အဆိုပါတံတားသည် ကသာမြို့နယ်ရှိ ကျေးရွာ(၁၀)ရွာနှင့် လူဦးရေ(၂၇၅၃၀)တို့၏ လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အဓိကအထောက်အကူ ပြုသည့်အပြင် ခရိုင်ချင်းဆက်အမှတ်(၃)လမ်းမကြီးနှင့် ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ တံတားတစ်ခု ဖြစ်သည့်အားလျော်စွာ ထီးချိုင့်မြို့နယ်အတွင်းမှ လာရောက်သည့် ပြည်သူများ အတွက်ပါ များစွာ အထောက်အကူပြုသည့်တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

 

ကသာ