အသက် ( ၁၂ ) နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

သရက် အောက်တိုဘာ ၁၂

 

ဦးထက်မြက်အောင် (လက်ထောက်ညွှန်ကြားရေးမှူး

သရက်မြို့နယ်အုပ်ချုပ်မှူး

 

မေး။    ။နိုင်ငံတော်အစီအစဉ်နဲ့ သရက်မြို့နယ်အတွင်းမှာရှိတဲ့ အသက် (၁၂) နှစ်နှင့် အထက် ကျောင်း သား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်  ဆောင်ရွက်ထားရှိမှု အခြေအနေကို သိပါရစေရှင့်။

ဖြေ။    ကျွန်တော်တို့ သရက်မြို့နယ်အနေနဲ့ အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက် တန်း ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် ပထမဆုံး မြို့နယ် ဆေးထိုးနှံရေး ကော်မတီဖွဲ့တယ်၊ ကော်မတီအဖွဲ့မှာ သက်ဆိုင်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ မြို့နယ် အဆင့်ဌာန ဆိုင်ရာအကြီးအကဲတွေပါဝင်ပါတယ်၊ ဆေးထိုးနှံရေးအဖွဲ့(၆)ခု ဖွဲ့စည်းထားပါတယ်၊ VMIS နဲ့မှတ်တမ်း တင်နိုင်ဖို့ကိုလဲဆောင်ရွက်ထားပါတယ်၊ စာရင်းပြုစုရေးအဖွဲ့ကိုတော့သင်တန်းပေးထားပြီးပါပြီ၊         ဆေး ထိုးရာမှာပါဝင်မဲ့ အဖွဲ့ဝင်တွေကိုလည်း ကျန်မာရေးဦးစီးဌာနက သင်တန်းပေးဆောင်ရွက်သွားဖို့လည်း ရှိပါတယ်၊ ဒါတွေအပြင် မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ အသံချဲ့စက်နဲ့ လှည့်လည် နှိုးဆော်အသိပေးခြင်း၊ ဆေးထိုးပေးမဲ့ သတ်မှတ်ကျောင်းတွေများ အသိပညာပေးဗီနိုင်းတွေကပ်ခြင်း တွေ ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်။

မေး။   ။သရက်မြို့နယ်အတွင်း အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေး ထိုးနှံနိုင်ရေး သတ်မှတ်ဆေးထိုးစုရပ်အနေနဲ့ ဘယ်လိုစီစဉ်ထားလည်းဆိုတာ သိပါရစေရှင့်

ဖြေ။    ။ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကလေးတွေကို ထိုးပေးနိုင်ဖို့ စုရပ်(၉)နေရာ သတ်မှတ်ထားပြီး သတ်မှတ်ကာလ ပထမ(၂)ရက်မှာတော့ အဖွဲ့(၆)ဖွဲ့ (၆)နေရာထိုးပေးသွားပါမယ်၊ ကျန်တဲ့စုရပ် (၃) နေရာ လက်လှမ်းမမီတဲ့နေရာက ကလေးတွေအတွက် စုရပ်(၃)ဖွဲ့ ထပ်မံဖွဲ့ထားပါသေးတယ်။

မေး။   ။ကာကွယ်ဆေးထိုးနှံပေးမယ့်နေ့ရက်တွေကို သိပါရစေရှင့်။

ဖြေ။    ။ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးကို ကာကွယ်ဆေးက(၃)ရက်နေ့ရောက်ရှိမယ်လို့ သိရ ပါတယ်။ ဆေးတွေရလာတဲ့ အခါကျရင် အောက်တိုဘာ (၁၄) ရက် (၁၅)ရက် တစ်ရက်ရက်မှာ စတင် ဆေးထိုးပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။

 

မေး။   ။ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေစေဖို့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမယ့် ဌာန၊ အဖွဲ့အစည်းတွေကို သိပါရစေရှင့်။

ဖြေ။    ။အဓိကကတော့ ကျွန်တော်တို့ ဆေးထိုးနှံခြင်းဆောင်ရွက်ရာမှာ Focal အနေနဲ့ကတော့ ထွေအုပ်ရယ် ပညာရေး ကျန်းမာရေး ဒီအဖွဲ့တွေကတော့ အဓိကပူးပေါင်းဆောင်ရွက်သွားမှာပါ ပူးပေါင်း ဆောင်ရွက်ကြမယ့်အဖွဲ့တွေကတော့ လူကယ်ပြန်နဲ့ Volunteer၊ ကြက်ခြေနီနဲ့ ပရဟိတအဖွဲ့တွေပါ၊ ဒါ့အပြင် လူမှုအဖွဲ့အစည်း အထူးသဖြင့် မိခင်နဲ့ကလေးအဖွဲ့တွေပါ ပူးပေါင်ပါဝင်ဆောင်ရွက်ပြီးတော့ ကျွန်တော်တို့တွေတက်နိုင်သမျှမြို့နယ်မှာရှိတဲ့ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး။   ။ ဆရာအနေနဲ့ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းအပေါ် အခြား ဖြည့်စွက် ပြောချင်တာရှိရင်လည်း ပြောကြားပေးစေချင်ပါတယ်ရှင့်။

ဖြေ။    ။ ဖြည့်စွက်ပြီး ပြောချင်တာကတော့ ကျွန်တော်တို့  ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကြောင့် ကျောင်းတွေက ခေတ္တယာယီ ပိတ်ထားရပါတယ်၊ ပိတ်ပြီးတော့ ကျွန်တော်တို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေ ထိုးနှံမယ့်အစီအစဉ်မှာ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေအပြင် ကျောင်းသား မိဘ တွေ အကုန်လုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပြီးတော့ မိမိ သားသမီး ပညာရေးအတွက် ရှေ့ရှုပြီး ပါဝင်ကြမယ်ဆိုရင် နောင်အနာဂတ်ရဲ့ သားငယ် သမီးငယ်များ ပျော်ရွှင်စွာပညာသင်ကြားနိုင်မှာ ဖြစ်ပါ တယ်၊ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါလို့မေတ္တာရပ်ခံချင်ပါတယ်။ ။

 

တွေ့ဆုံမေးမြန်းသူ-ဝင်းဝင်းအေး

ဓာတ်ပုံ- ဇော်ထက်(သရက်)