ဝက်လက်မြို့နယ်တွင် ၊ အသက် ၁၂ အထက် ကျောင်းသား ၊ ကျောင်းသူများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် စီစဥ်ဆောင်ရွက်ထားရှိမှု အခြေအနေကိုတွေ့ဆုံ မေးမြန်း

 

ဝက်လက် - အောက်တိုဘာ - ၁၂

 

တွေ့ဆုံမေးမြန်းသူ - စိုးစိုးလှိုင်

 

မေး ။     ။ ဆရာကြီးအမည်နှင့် တာဝန်ထမ်းဆောင်နေတဲ့ ရာထူးကို သိပါရစေရှင့်။

 

ဖြေ ။      ။ ကျွန်တော့အမည်ကတော့ ဦးကိုကိုနိုင် ဖြစ်ပါတယ်။ ဒုဦးစီးမှူး(ကာယ)၊ ကျောင်းကျန်းမာ ရာထူး ဖြင့် ၊   မြို့နယ်ရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေပါတယ်။

 

မေး ။     ။ ဆရာကြီးရှင့် ဝက်လက်မြို့နယ် အတွင်းမှာရှိတဲ့ အခြေခံပညာ အလယ်တန်း ၊  အထက်တန်း

  ကျောင်း ၊  မူလွန်ကျောင်း ၊ တွေမှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အသက် ၁၂  နှစ်အထက် ကျောင်းသား ကျောင်းသူ များကို ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရန် အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိမှုအခြေအ နေလေး သိပါရစေရှင့်၊

 

ဖြေ ။     ။ နိုင်ငံတော်၏ အစီအစဉ်ဖြင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်မှာ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက် တန်းကျောင်း ၊ အလယ်တန်းကျောင်း ၊ မူလွန်ကျောင်းတွေမှာ အသက် ၁၂ နှစ်ပြည့်ပြီး ကျောင်းသား ကျောင်းသူများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံရန်အတွက် ကျောင်း သား ၊ ကျောင်းသူများ၏ ကိုယ်ရေး အချက်အလက်များကို မြို့နယ် ပညာရေးမှူးရုံးက ဖြည့်သွင်း ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စီမံချက်ရေးဆွဲ ထားပြီးဖြစ်ပါတယ်။

 

မေး ။     ။ မကြာခင်မှာ အခြေခံ ပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ကျောင်း

 တွေ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဆရာကြီးတို့ အနေဖြင့် စီစဥ်ဆောင်ရွက် ထားရှိမှု့ကို သိလို ပါတယ်ရှင့်။

 

ဖြေ ။     ။ ဝက်လက်မြို့နယ်မှာတော့ နဂိုထဲက ကျောင်းတွေဖွင့်ထားတဲ့အတိုင်း social distance အညီ  ကလေးတွေကို face shield တပ်ဆင်စေဖို့နဲ့ လက်ဆေး ဘေစင်တွေကို ကြိုတင်ပြင်ဆင်ထားပြီး ကျောင်းပတ် ဝန်းကျင် သန့်ရှင်းရေးကိုလည်း ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

 

မေး ။     ။ အခုကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာပေါ့ ဆရာ၊ ဆရာမတွေက ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး  အားလုံး ထိုးနှံပြီးပါသလားရှင့်။

 

ဖြေ ။     ။ ဝက်လက်မြို့နယ် အတွင်းမှာရှိတဲ့ ဆရာ၊ ဆရာမတွေက ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးကို ၉၃   ရာခိုင်နှုန်  ထိုးနှံ ပြီးသလောက် ဖြစ်ပါတယ်။ မထိုးရသေးတဲ့သူတွေကတော့ ကိုယ်ဝန်ဆောင် မိခင်လောင်း တွေဘဲ ကျန်ပါတယ်။

 

 မေး ။     ။ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမယ့် စုရပ် ဘယ်နှစ်ခုရှိပါသလဲ သိချင်ပါတယ်ရှင့်။

 

ဖြေ ။     ။ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမယ့် စုရပ် ၃ ခုပါ၊ အ.ထ.က ( ဝက်လက်) ၊အ.ထ.က  (  လှတော ) အ.ထ.က ( ရွာသာကြီး )၊   ဖြစ်ပါတယ်။ ကျောင်းပေါင်း  ၄၂ ကျောင်းမှာ ၊၊ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၅၇  ဦး  ထိုးနှံ ပေးရန် အတွက် စာရင်း ရေးသွင်း ထားပါတယ်။

 

မေး။     ။ အခု ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ  ပေးမှု အပေါ် ဆရာကြီးရဲ့ ရင်တွင်းမှ ဖြစ်ပေါ်လာတဲ့ ပီတိစကားသံကို ပြောပြပေးပါလားရှင့်။

 

ဖြေ ။     ။ ကျောင်းသား၊ ကျောင်းသူလေးတွေ ကျန်းမာပျော်ရွှင် ၊ ပညာသင် ဆိုတဲ့စကားအတိုင်း ကလေး တွေကို ရောဂါကာကွယ်ဆေး ထိုးပြီးဖြစ်လို့ ကျန်းကျန်းမာမာနဲ့  ပညာဆက်လက် ဆည်းပူး လေ့လာ သင်ကြား နိုင်တော့မယ် ဆိုတော့ ကျွန်တော့ရင်ထဲမှာ တကယ်ကို ဝမ်းသာပီတိ ဖြစ်မိ ပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံသင့်တယ်။ ရောဂါ ဖြစ်မှ ကုသခြင်းထက် ရောဂါ မဖြစ်မီ ကြိုတင် ကာကွယ်ခြင်းက ပိုပြီးကောင်းမွန်ပါတယ်၊ အဲ့ဒီလို ထိုးနှံခြင်းအတွက် ကလေးရော လူကြီးပါ ကာကွယ်ပြီးသား ဖြစ်ပါတယ်။ ဒီလို ကာကွယ်ဆေး ထိုးနှံပြီးတဲ့အတွက် ကောင်း မွန်တဲ့ ပတ်ဝန်းကျင်ကို ဖော်ဆောင်နိုင်လိမ့်မည်လို့ ကျွန်တော့ အနေနဲ့ မျှော်လင့်မိပါတယ်။

 

မေး ။     ။ ဆရာကြီးအနေနဲ့ ကျောင်းသား လူငယ်လေးတွေ ကာကွယ်ဆေး ထိုးနှံခြင်းအတွက် ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲရှင့်။               

 

ဖြေ ။     ။ ကျွန်တော့အနေနဲ့ ဖြည့်စွက် ပြောချင်တာကတော့ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးကို လူကြီး၊ လူငယ် မရွေး ကာကွယ်ဆေးကို ထိုးနှံ သင့်ပြီး ရရှိလာသော အခွင့်အရေးကို လက်မလွှတ်စေဘဲ ကာကွယ်ဆေး မထိုးနှံရသေးသူများ ဆက်လက်ထိုးနှံကြပါလို့ ကျွန်တော့အနေနဲ့ တိုက်တွန်း   ပြောကြားခြင်ပါတယ်။

 

စိုးစိုးလှိုင် ( ဝက်လက်)