လပွတ္တာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တင်ဒါရှင်းလင်းပွဲ ပြုလုပ်

လပွတ္တာ အောက်တိုဘာ ၁၂

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လပွတ္တာခရိုင်အတွင်း ရေပေးရေးလုပ်ငန်း(၈)ခုနှင့် ကုန်ထုတ်လမ်း(၁)လမ်း အဆိုပါလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ လုပ်ငန်းရှင်းလင်းပွဲကို  ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  အစည်း အဝေးခန်းမ၌ ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။

တင်ဒါရှင်းလင်းပွဲတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုက လပွတ္တာခရိုင်အတွင်း‌ ရေ‌ပေးရေးလုပ်ငန်း(၈)ခုနှင့် ကုန်ထုတ်လုပ်ငန်း(၁)လမ်း အတွက် အိတ်ဖွင့်တင်ဒါလုပ်ငန်းနှင့် စည်းမျဉ်းစည်းကမ်းများအားလည်းကောင်း၊ ၆ လအတွင်းစံချိန် စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး တင်ဒါအောင်မြင်မည့် ကုမ္ပဏီများအနေ ဖြင့် နည်းပညာအဆိုပြုလွှာနှင့် စျေးနှုန်းအဆိုပြုလွှာ သီးခြားတင်ပြရမည်ဖြစ်ပြီး နည်းပညာအဆိုပြု လွှာတွင် သတ်မှတ်ထားသည့်အချက်များပါဝင်မှသာ နည်းပညာအဆိုပြုလွှာလက်ခံစဉ်းစား၍ သတ် မှတ်ထားသည့် အမှတ်ပေးစည်းမျဉ်း ပြည့်မီမှသာ စျေးနှုန်းအဆိုပြုလွှာအား ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးမည်ဖြစ်ကြောင်း၊ တင်ဒါအောင်မြင်မည့်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆို ပြီး တစ်ပတ်အတွင်း လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်းတို့ကို   ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကုမ္ပဏီများအနေဖြင့် သိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ရာ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူကပြန်လည် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။