ကရင်ပြည်နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၃၆၆၁၄)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးမည်

ဘားအံ အောက်တိုဘာ ၁၂

 

ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်း ၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းတို့မှ အသက်(၁၂) နှစ်အထက် ကျောင်းသား ၊ ကျောင်းသူ(၃၆၆၁၄)ဦး တို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

 

ကာကွယ်ဆေးထိုးနှံရာတွင် ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၊ အ-ထ-က(ခွဲ)ကျောင်း ၊ အ-လ-ကကျောင်း ၊ အ-လ-က(ခွဲ)ကျောင်း ၊ မူလွန်ကျောင်းများပါဝင်သည့် စုစုပေါင်း အခြေခံပညာကျောင်း(၆၅၇) ၊  ကိုယ်ပိုင်အထက်တန်းကျောင်း()ကျောင်း ၊ ဘုန်းတော် ကြီးပညာသင် ကျောင်း()ကျောင်း စုစုပေါင်း(၆၇၂)ကျောင်းမှ အသက် (၁၂)နှစ်အထက် ကျောင်းသားကျောင်းသူ (၃၆၆၁၄)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ရာ ကာကွယ် ဆေး ရရှိချိန်တွင် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံရေးအဖွဲ့(၄၅)ဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်သလို စုရပ်(၄၈)နေရာ ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ကရင် ပြည်နယ် ပညာရေးမှူးရုံးမှ ဦးခင်လှိုင် ၊ ဒုတိယညွှန်ကြား ရေးမှူး(ပညာ)ထံမှ သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)