ငွေဆောင်မြို့၌‌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်

ငွေဆောင် အောက်တိုဘာ ၁၂

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက်(၈)နာရီချိန်က သဇင်ကျေးရွာအုပ်စုတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
 ထိုသို့ဆောင်ရွက်ပေးရာတွင် ငွေဆောင်မြို့လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ မြို့ရုံးဦးစီးမှူး ဦး‌ဇင်မင်းအောင်က ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ သဇင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာခွဲပေါင်း(၅)ရွာမှ နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်လိုသူပြည်သူ(၉၃)ဦးအား အထောက်အထားများ စိစစ်ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်​ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်ရှိနေသည့် ရပ်ကွက်နှင့် ကျေးရွာများသို့ ဆက်လက်၍ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 

မူမူ