ကြံခင်း အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ စေတနာ့ဝန်ထမ်း(Volunteer)များအား သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
ပထမအစီအစဉ်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းတန်မှ အဖွင့်အမှာ စကားပြောကြား ရာတွင် စေတနာ့ဝန်ထမ်းများ၏ စိတ်ထားသည် အလွန်ကောင်းမွန်သဖြင့် လေးစားဂုဏ်ယူပါကြောင်းနှင့် ယနေ့သင်တန်းတွင် သင်ကြားပြသသည်များ ကိုမှတ်ယူပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာဆောင်ရွက် ကြဖို့ပြောကြားကြောင်းသိရသည်။
သင်တန်းဖွင့်လှစ်ရာသို့ ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးဦးထွန်းသန့်ဇင်မျိုး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြတ်မြတ်သိန်းနှင့် ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်း (Volunteer) အသင်းအဖွဲ့များတတ်ရောက်ခဲ့ကြောင်းသိရသည်။
ထို့နောက် ဒုတိယပိုင်းအစီအစဉ်တွင် သင်တန်းစတင်ပို့ချရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်မြတ်မြတ်သိန်းမှ စေတနာ့သင်တန်းလက်စွဲပါ အကြောင်းအရာများအား လည်းကောင်း၊ ကြက်ခြေနီအသင်း ဥက္ကဋ္ဌဦးကြည်ဝင်းမှ ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားပြီ၊ ကြံခင်းမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိကျန်းမာရေးမှုးများက PPEဝတ်စုံ ဝတ်နည်းနှင့် ပြန်လည်သိမ်းဆည်း ဆောင်ရွက်ပုံများအား လက်တွေ့ သရုပ်ပြကြ ကြောင်းသိရသည်။ အဆိုပါသင်တန်းအားနံနက် (၁၀)နာရီမှနေ့ လည်(၁၂)နာရီထိ အချိန်(၃)ချိန်ဖြင့် ပို့ချပေးခဲ့ကြောင်းနှင့် စေတနာ့ဝန်ထမ်း (Volunteer)အသင်း အဖွဲ့( ၉)ဖွဲ့မှ အသင်းသား (၃၇)ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)