အင်္ဂပူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ် (၆)လ ဒေသန္တရစီမံကိန်းတာဝန် ပေးအပ်ပွဲ ပြုလုပ်ကျင်းပ

အင်္ဂပူ၊ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊အင်္ဂပူမြို့နယ်၏၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လ ဒေသန္တရစီမံကိန်း တာဝန် ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်း‌ရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးမှ အမှာစကား‌‌ပြောကြားခဲ့သည်။ ထို့‌နောက်မြို့ နယ်စီမံကိန်း‌ရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌမှ မြို့နယ်အဆင့် ဌာနဆိုင်ရာ များအား ဒေသန္တရစီမံကိန်းတာ ဝန်များလွှဲ‌ ပြောင်းပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနား သို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မန်းကျော်