၂၀၂၁ ခုနှစ် မိုးစပါးရာသီတွင် ပေါက်မြို့နယ်၌ မျိုးစေ့ထုတ်စံပြကွက် (၂၁)တစ်ဧက ရွေးချယ်စိုက်ပျိုးထားရှိရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိ

ပေါက် အောက်တိုဘာ ၁၂

 

 မ​ကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့ နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါးရာသီ၌ မျိုးစေ့ထုတ်စံပြကွက် (၂၁)တစ်ဧကကို အုန်းတောကျေးရွာမှ တောင်သူ (၁၆)ဦးကို ရွေးချယ်စိုက်ပျိုးခဲ့ရာ ယခုနှစ်မိုးရာသီတွင် မိုး​ဝေသမှန်ကန်ပြီး စိုက်ပျိုးရေလုံ​လောက်စွာရရှိ၍ ​ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း မြို့နယ်စိုက် ပျိုးရေးဦးစီး ဌာနမှ သိရသည်။

 

 ဒီနှစ်  မိုးစပါးရာသီ၌ မျိုးစေ့ထုတ်စံပြကွက် (၂၁) တစ်ဧကကို ရွေးချယ်စိုက်ပျိုးရာတွင် သတ်မှတ်အထွက် နှုန်းပြည့်မီ​ရေးအတွက် တောင်သူတွေကို မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန်၊ စိုက်ပျိုးနည်း စနစ်မှန်ကန်စေရန်၊ ဓာတ်မြေဩဇာ စနစ် တကျသုံးစွဲ တတ်စေရန်၊ ပေါင်းမြက်များ အချိန်မီနှိမ်နင်းရန်၊ ကင်းထောက်မှတ်တမ်းယူပြီး ပိုးမွှားရောဂါကြိုတင် ကာကွယ် နှိမ်နင်းရန်၊ ရေသွင်းရေထုတ်မှန်ကန်ရန်၊ စိုက်ပျိုးရေချွေတာ သုံးစွဲရန်၊ သဘာဝမြေဩဇာ၊ သဘာဝပိုး သတ်ဆေးများ ပြုလုပ်သုံးစွဲရန် စတဲ့နည်းပညာတွေကို မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ စိုက်ပျိုးရေးပညာ ရှင်များက တောင်သူနည်း ပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိပါတယ်ဟု မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းကိုက ပြောသည်။

 

 စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ နည်းများကောင်း မွန်မည်ဆိုပါက အထွက်နှုန်းတိုးတက်ကောင်း မွန်လာမည် ဖြစ်ပြီး  မိရိုးဖလာစိုက်ပျိုးရေးနည်းစနစ်များဖြင့်သာ ကျေနပ်နေ၍မရဘဲ ခေတ်မီစိုက်ပျိုး ရေးနည်း စနစ်များ အသုံးပြု၍ အထွက်နှုန်းကောင်းပြီး အရည်အသွေးပြည့်မီသည့်  စိုက်ပျိုး ရေးထုတ်ကုန်များ ထုတ်လုပ် နိုင်အောင် ဆောင် ရွက်ရန်လိုအပ်ကြောင်း ၊ ၂၀၂၁ ခုနှစ် မိုးရာသီတွင် မိုးစပါးသီးနှံစုစုပေါင်း(၁၂၁၂၁)ဧက စိုက်ပျိုးထား ရာတွင် မျိုးစေ့ထုတ်စံပြကွက် (၂၁) ဧက စိုက်ပျိုးထားရှိပြီး စပါးမျိုးအနေဖြင့် ဧရာမင်း၊ ဆင်းသုခ စပါးမျိုးများကို ပျိုးသက်နုကောက်ကွက်ကြဲ (SRI)စိုက်နည်းစ နစ်​ဖြင့် စိုက်ပျိုးထားရှိရာ လက်ရှိအချိန်တွင် ဖြစ်ထွန်းအောင်မြင် လျက်ရှိ​ကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။

ဥမ္မာကျော်