မင်းလှမြိုနယ်တွင် အသက် ၁၈ နှစ် အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်‌‌ ဆေး လာ‌ ရောက်ထိုးနှံသူ ၃၃၉၅ဦးရှိပြီဖြစ်

 

အထက်မင်းလှ       အောက်တိုဘာ ၁၂

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက် ၁၈ နှစ်အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါဆေးထိုးနှံပေးခြင်းကို‌ယနေ့နံနက် ၉ နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုး စုရပ်များ၌ဆက်လက်ထိုးနှံ‌ပေးလျက်ရှိရာ အောက်တိုဘာ၁၁ရက်နေ့အထိကာကွယ်‌ ဆေးလာရောက်ထိုးနှံသူ ၃၃၉၅ ဦးရှိကြောင်းသိရသည်။

 

မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် ၁၈ နှစ်အထက်ရှိသူများ၊မသန်စွမ်းသူ များနှင့်နာတာရှည်ရောဂါနှင့် မကူးစက်နိုင်သောရောဂါရှိသူများအပါအဝင် သတ်မှတ်ဦးစား ပေးအလိုက်ကာကွယ် ဆေးထိုးနှံပေးခြင်းဖြစ်ပြီး မင်းလှမြို့နယ်အတွက်ကိုဗစ်၁၉-ရောဂါကာကွယ်ဆေးအလုံးရေ ၂၇၉၀ လုံးရရှိသဖြင့် ဆေးတစ် လုံးလျှင် လူငါးဦးထိုးနှံနိုင်ပြီး လူဦးရေ ၁၃၉၅၀ ဦးအားထိုးနှံပေးသွားမည်ဖြစ်သည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင်  မင်းလှမြို့နယ်အတွင်းရှိသတ်မှတ်ဆေးထိုးစုရပ်များ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ ရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာ‌ ရေးဝန်ထမ်းများက ထိုးနှံပေး လျက်ရှိပြီး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ပူးပေါင်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

  ဇာဇာ(အထက်မင်းလှ)