ကမမောင်း ၊ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှထိုးနှံရခြင်း မရှိသေးသည့် ပြည်သူစုစုပေါင်း(၆၀၀) ဦးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) first dose ထိုးနှံ ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှစတင်၍ မြို့အုပ်ချုပ်ရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျန်းမာရေးဌာနမှဝန်ထမ်းများက ဆက်လက်၍ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ပေးရာတွင် ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများ၊ရပ်/ ကျေးစာရေးများ ၊မြို့ကြက်ခြေနီ အဖွဲ့ခွဲငယ်မှ ကြက်ခြေနီတပ်ဖွဲ့ ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်စီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း၊အမည်၊မှတ်ပုံတင်စာရင်း၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်ရေးမှတ်ခြင်းတို့ကို ပူးပေါင်း ဆောင်ရွက် ပေးခဲ့ကြသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ကို ဒုတိယအသုတ်အနေ ဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့၌ ပြည်သူစုစုပေါင်း (၁၃၀၀)ဦးကိုfirst dose ထိုးနှံပြီးစီးခဲ့ပြီး၊ ယခုဆေးခွဲတမ်းရရှိမှုအရ ပြည်သူ(၆၀၀)အားထပ်မံ၍ first dose ထိုးနှံပေးပြီးခဲ့လျှင် ဒုတိယအသုတ် အုပ်စု အဖြင့် ပြည်သူစုစုပေါင်း(၁၉၀၀)ဦးကို ပထမ အကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပြီး ယခုလ ၁၄ရက်နေ့မှစတင်ပြီး second dose ကိုထပ်မံ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူထံမှ သိရသည်။
လင်းသန့်