ဇလွန် အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြို့နယ်စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဒေသန္တရ စီမံကိန်းတာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဒေသဆိုင်ရာ လုပ်ငန်းများ (၆)လတာအတွင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ တာဝန်ယူဆောင်ရွက်မည့် ဌာနများထံသို့ ဒေသန္တရ စီမံကိန်းတာဝန်များ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေယံ