ပိုင်ကျုံမြို့၌ တတိယအသုတ်(ပထမ)အကြိမ်တွင် (၂)ရက်အတွင်း ကာကွယ်ဆေးလာရောက်ထိုးနှံသူ(၁၈၃၀)ဦးရှိ

ပိုင်ကျုံ   အောက်တိုဘာ  ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ် ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလ(၁၀)ရက်နေ့မှ  စတင်ထိုးနှံလျက်ရှိရာ    အောက်တိုဘာ လ(၁၁) ရက်နေ့အထိ (၂)ရက်အတွင်း လူဦးရေ(၁၈၃၀)ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

             

 

ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုး ကြောင့် ကာကွယ် ဆေးထိုးနှံရကျန်ရှိသည့် နိုင်ငံဝန်ထမ်းများ၊ စေတနာဝန်ထမ်းများနှင့် ပရဟိတအဖွဲဝင်များကို   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယ အသုတ်(ပထမ)အကြိမ်၌ဦးစားပေးအစီအစဉ်ဖြင့်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

             

 

 ထို့သို့ ဆောင်ရွက်ရာတွင်ကျန်းမာရေးဝန်ထမ်းများ၊စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနှံ သူများအား ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ  ဝန်ထမ်းများနှင့်ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံနိုင်ရာတွင်   အဆင်ပြေ လွယ်ကူ စေရန်အတွက်   ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ပိုင်ကျုံ (ပြန်/ဆက်)