မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် အခြေခံပညာအလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်နေမှုများအား မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သီတာအောင်တို့မှ ယနေ့ နံနက်၁၀:၀၀ နာရီ အချိန်က တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရသည်။
မေး-မင်္ဂလာပါ ဆရာမကြီး ရှင့်-ဆရာမကြီးရဲ့နာမည်နှင့်ရာထူး တာဝန်ကိုသိရှိလိုပါတယ်ရှင့်-
ဖြေ- ကျွန်မ ကမြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်စန်းပါရှင်-
မေး - ဆရာမကြီး ရှင့် -မြို့နယ်အတွင်းက ကျောင်းသားကျောင်းသူတွေကို ကိုဗစ်-၁၉ ကာ ကွယ်ဆေးထိုးဖို့ အတွက် ဘယ်လိုများစီမံ ဆောင်ရွက်ထား ပါသလဲရှင်။
ဖြေ - ကျွန်မတို့ မြို့နယ်အနေ အနေနဲ့မြို့နယ် စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဥက္ကဌ ဦးသီဟဇော် နှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်စီမံမှုဖြင့် မြို့နယ်အတွင်းမှာရှိတဲ့ (၁၂)နှစ် အထက် မူလွန်၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် စာရင်းပြုစုလျက်ရှိပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ကျောင်းအုပ်ကြီးတွေ၊ ဆရာ၊ ဆရာမတွေကို ကြိုတင်အကြောင်းကြားပြီး ဖြစ်ပါတယ်ရှင်-
မေး - ကာကွယ်ဆေးထိုးတဲ့အခါမှာအဆင်ပြေစေဖို့ ဆောင်ရွက်ထားရှိမှုတွေကိုလည်း သိပါရစေရှင်။
ဖြေ - ကာကွယ်ဆေးထိုးတဲ့အခါမှာ လွယ်ကူမြန်ဆန်စေဖို့အတွက် ဆေးထိုးအဖွဲ့(၁၃)ဖွဲ့နဲ့ မြို့ပေါ် အထက(၁)၊ အထက(၂)၊ စုရပ်(၂)ခု့ စီစဉ်ထားပါတယ်။ကျေးရွာများ အပါအဝင် စုစုပေါင်း
(၂၈)ခု့ စီစဉ်ထားခဲ့သော်လည်း မြို့နယ်အခြေအနေအရ သွားလာရေးအဆင်ပြေစေမည့် နေရာ(၄၄)ခု့အား စီစဉ်ထားပြီးဖြစ်ပါတယ်ရှင်-
မေး- ကာကွယ်ဆေးထိုးစု့ရပ်တွေမှာဘယ်လို စီစဉ်ဆောင်ရွက်ထားပါသလဲ၊သိရှိလိုပါတယ်ရှင့်-ဖြေ-ကာကွယ် ဆေးထိုးစုရပ်တွေမှာ စာရင်းရေးသွင်းဖို့၊ ဆေးစစ်ဖို့၊ လုံခြုံရေးဆောင်ရွက်ဖို့ တို့ကိုလည်း ပညာရေး၊ ကျန်းမာရေးနှင့် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းစီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
မေး - အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံ ဖို့အတွက် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အကြောင်းကိုလည်း ပြောပြပေးပါရှင့်။
ဖြေ - ဒီကာကွယ်ဆေးထိုးဖို့မသင့်တော်တဲ့သူတွေက ဘယ်လိုလူတွေပါဆိုတဲ့ အချက်အလက်တွေ၊ ကာကွယ်ဆေးကိုထိုးထားတဲ့အခါမှာ ရရှိမည့်အကျိုး
ကျေးဇူးတွေ စတဲ့အချက်အလက်တွေကို ကျောင်းသား၊ ကျောင်းသူမိဘတွေနဲ့ ပြည်သူတွေ သိရှိစေဖို့ အထက၊ အလကကျောင်းအုပ်ကြီး များနဲ့ ပြောကြားဆွေးနွေးပြီးဖြစ်ပါတယ်
မေး-မြို့နယ် မှာကာကွယ်ဆေးထိုးနှံမည့်ကျောင်းသား၊ ကျောင်းသူဦးရေ မည်မျှရှိကြောင်း သိရှိ လိုပါတယ်ရှင်။
ဖြေ - မြို့နယ်မှာ ကာကွယ်ဆေးထိုးမယ့်အခြေခံပညာအထက၊ အလက၊ ဘကကျောင်းများမှ အသက်(၁၂)နှစ် အထက်ကျောင်းသားကျောင်းသူ၊ အထက်တန်းအဆင့် (၂၂၆၉)ဦး၊ အလယ် တန်းအဆင့် (၁၀၅၈၈)ဦး၊ ဘုန်းတော်ကြီးသင်ကျောင်း(၈၅၁)ဦး၊ စုစုပေါင်း (၁၃၇၀၈)ဦးကို ကာ
ကွယ်ဆေးထိုးနှံပေးမှာဖြစ်ပါတယ်။ ဆေးထိုးအဖွဲ့(၁၃)ဖွဲ့မှတပြိုင်နက်တည်း တစ်နေ့ (၁၃)နေရာမှာ ထိုးနှံပေးမှာဖြစ်ပြီးတစ်နေ့လျှင် ဦးရေ (၃၀၀)ခန့် ဆေးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်ရှင်။
မေး - အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူတွေကို ကာကွယ်ဆေး ထိုးနှံပေးဖို့အတွက် ဆောင်ရွက်ထားတဲ့အခြေအနေတွေကိုလည်း ပြောပြပေးစေလိုပါတယ်ရှင့်။
ဖြေ - ကာကွယ်ဆေးထိုးမှာက အောက်တိုဘာ(၁၆)ရက်မှာ စမှာပါ။ ကာကွယ် ဆေးထိုးဖို့အတွက် ကျောင်းသား ကျောင်းသူတွေရဲ့ မိဘကာကွယ် ဆေးထိုးဖို့အတွက် ကျောင်းသားကျောင်းသူတွေရဲ့ မိဘအုပ်ထိန်းသူခွင့်ပြုချက်ရမှ ထိုးနှံပေးမှာဖြစ် တဲ့အတွက် သဘောတူကြောင်းမှတ်တမ်းကိုလည်း ဆောင်ရွက်ထားရမတယ်။ ဆေးထိုးတဲ့နေ့မှာ ကျောင်းသားကျောင်းနဲ့အတူ မိဘအုပ်ထိန်းသူပါ လိုက်ပါဖို့ စီစဉ်ထားပါတယ်။ နောက်ပြီး ဆေးထိုးစုရပ်တွေမှာလည်း ကြန့်ကြာမှုမရှိစေဖို့ အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ ပညာရေးနှင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီးတော့ စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး-ကျောင်းသားကျောင်းသူတွေကိုကာကွယ်ဆေးထိုးပြီးတဲ့အခါမှာဖြစ်ပေါ်နိုင်တဲ့နောက်ဆက် တွဲလက္ခဏာတွေနဲ့ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရလာမယ့်အကျိုးကျေးဇူးတွေကိုလည်း သိပါရစေ ရှင်။
ဖြေ - ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာ သုတေသနတွေအရ ခေါင်းမူးတာ၊ ဆေးထိုးတဲ့နေရာက နာတာတို့၊ ချမ်းတုန်တာ၊ ကြွက်သားနာတာ၊ ဖျားတာလေးတွေ ဖြစ်တတ်ပါတယ်။ ဘေးထွက်ဆိုးကျိုးကနည်းပါတယ်။ ဒီကာကွယ်ဆေးထိုးထားတယ်ဆိုရင် အသက်ဆုံးရှုံးတာတို့ ပြင်းထန်ရောဂါတို့မဖြစ်တော့ဘူးပေါ့။ ကျန်းကျန်းမာမာနဲ့ စိတ်ချ လုံခြုံစွာ ပညာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။
ကျောင်းဖွင့်ချိန်မှာ ကျောင်းသား၊ ကျောင်းသူလေးများကျန်းမာ ပျော်ရွှင်စွာ၊ စိတ်ချလုံခြုံစွာနဲ့ ပညာသင်ယူနိုင်မယ် ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်ကို ပြောကြားဆွေးနွေး ပေးပါသော ဆရာမကြီးအား အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။
သီတာအောင်