ချောင်းသာ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိတည်ခိုခန်းဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စတင်၍ RDT- Test ဖြင့် စစ်ဆေးပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ချောင်းသာမြို့ရှိ တည်ခိုးခန်း(၄၅)ခုတို့မှ ဝန်ထမ်းစုစုပေါင်း(၁၈၁) ဦးတို့ကို စစ်ဆေးခဲ့ရာ ကျား(၁)ဦးနှင့်မ(၁)ဦးတို့တွင်ရောဂါပိုးတွေ့ရှိခဲ့ပြီး၊ ချောင်းသာမြို့ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူလျှက် ရှိကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှူးဦးထွန်းအောင်ကိုထံမှ သိရသည်။
အဆိုပါ စစ်ဆေးခြင်းကို မြို့ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း