မြောင်းမြ သြဂုတ် ၁၈
မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြသပွဲကို ယမန်နေ့နံနက် ၉ နာရီက မြောင်းမြခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံးပူးပေါင်း ဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူး ခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ကေခိုင်စိုးက ပြောကြားသည်။
အဆိုပါ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသပွဲကို မြောင်းမြခရိုင် ပြည်သူ့စာကြည့်တိုက်၌ သြဂုတ် ၁၇ မှ ၁၉ ရက်နေ့အထိ ၃ ရက်ကြာပြသသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်းနှင့် ပြည်သူများ လာရောက်လေ့လာရာတွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ခရိုင်၊ ပြန်ဆက်