ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး နှိုးဆော်ချက်များအသိပေး နှိုးဆော်

ပိုင်ကျုံ   အောက်တိုဘာ ၁၂

ကရင်ပြည်နယ်၊    ဘားအံခရိုင်၊  ပိုင်ကျုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို  အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးနှင့် ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးခြင်း လုပ်ငန်းများကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေး ဝန်ကြီးဌာနကထုတ်ပြန်သည့်ပြည်သူသို့ အသိပေးပန်ကြားချက်များကို   ကာကွယ်ဆေးထိုးရန် စုရပ်ဖြစ်သည့်   ပိုင်ကျုံမြို့   အခြေခံပညာအထက်တန်းကျောင်းတွင်ကရင်၊မြန်မာ နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ချက်များ ကြေညာရာတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်တာဝန်ရှိသူတို့က ပူးပေါင်း၍    ကာကွယ်ဆေးလာရောက်ထိုးနှံသည့်    ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် ပတ်သက်သောအချက်များကို  ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်အတွက် မိဘပြည်သူများအနေဖြင့်  မမဖြစ်မနေအိမ်တွင်း၌သာ နေထိုင်ပါ။ သို့မှာသာရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ် နိုင်မှာဖြစ်ပါသည်။ ပြင်ပမှလာသောဧည့်သည်များလက်မခံကြပါရန်နှင့်  မိမိတို့ကလည်း အခြားသူများထံသွားရောက်ခြင်းမပြုကြရန်၊   အရေးကြီးကိစ္စကြောင့်အပြင် ထွက်ရပါက    ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပါ၊ အခြားသူများနှင့်ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့်နှာခေါင်းစည်းမတပ်ထားသူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ် ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြပါ၊  အရာဝတ္တုတစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာအောင်  စနစ်တကျဆေး ကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စိတို့ကိုပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းမပြုလုပ်ကြပါရန်၊     လေဝင်လေထွက်မကောင်းသောအခန်းများ   သွားလာခြင်းမှရှောင်ပါ၊  သက်ကြီးရွယ်အိုများနှင့်ဆီးချို၊ သွေးတိုးနှင့်နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက  ဝေဒနာပြင်းထန်စွာခံစားရပြီး   အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု   သံသယရှိပါကနီးစပ်ရာကျန်းမာရေး   ဌာနများသို့    ဆက်သွယ်၍  မပျက်မကွက်စစ်ဆေး ကုသမှုခံယူ ကြပါရန်၊ အလှည့်ရရှိသော ကာကွယ်ဆေးများကိုမိမိတို့အတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးကိုအကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေး ထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို    ဆက်လက်လိုက်နာ ပါစသည့်ဆောင်ရန်/ရှောင်ရန်အချက်များအား    Hand Speaker ဖြင့်အသိပေးနှိုးဆော် ခဲ့ကြောင်းသိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)