အောင်လံ အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ဝါသီးနှံစိုက်ခင်းအားဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်း တောင်သူပညာပေးသရုပ်ပြပွဲကို ယမန်နေ့နံနက်(၈)နာရီက ပိတောက်ကုန်း ကျေးရွာအုပ်စု တောင်သူ ဒေါ်ဝိုင်းကြည်ပိုင်ဆိုင်သော ယာမြေကွက်အတွင်းစိုက်ပျိုးထားသည့် ဝါသီးနှံစိုက်ခင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးဖျန်းစက်ဖြင့် တောင်သူပညာပေးသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ၎င်းစက်မှာ မြို့နယ်စက်မှုလယ် ယာဦးစီးဌာနသို့ တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနမှ ပေးအပ်ထားသော Single Cylinder Dioset Engine အင်ဂျင်အမျိုးအစားဖြစ်ပြီး ဆေးရည်ဝင် ဆန့်သည့်ပမာဏ(၃၀၀)လီတာ၊ ဆေးဖျန်းနိုင်သည့်အကျယ်(20 m) ထိဖျန်းပက်နိုင်ကြောင်း၊ ယင်းစက်ဖြင့် ပိတောက်ကုန်းကျေးရွာအုပ်စု ကွင်းအမှတ်(၅၅)၊ မြေချိန်ဧရိယာ (၄.၆၈) ဧကရှိ တောင်သူဒေါ်ဝိုင်ကြည်ပိုင်ဆိုင်သော ယာမြေကွက်အတွင်းစိုက်ပျိုးထားသော ဝါသီးနှံများအား ဆေးဖျန်း စက်ဖြင့်တောင်သူပညာပေးဆောင်ရွက်ခဲ့သည်။
ထိုဆေးဖျန်းစက်သည် ဘီးဗျက်ကျဉ်းမြောင်းသဖြင့် အပင်တန်းကြားများအတွင်း ထိခိုက်မှုမရှိလုပ်ငန်း ဆောင်ရွက် နိုင်ခြင်း၊ ဆေးဖျန်းအကျယ်(20m)အထိပက်ဖျန်းနိုင်သဖြင့် အချိန်ကုန်သက် သာခြင်း၊ ဆေးဖျန်းသည့် ဖိအားကိုအားအနည်းအများလိုသလိုချိန်ညှိဖျန်းနိုင်ခြင်း၊ ဆေးအလေအလွင့်နည်းပါးခြင်း၊ လူလုပ်အားသက်သာခြင်း၊ ကုန်ကျစရိတ်နည်းပါးခြင်းတို့ကြောင့် နည်ပညာသစ်စက်ကရိယာများအသုံးပြုလိုပါက နီးစပ်ရာ စက်မှုလယ်ယာစခန်းများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးမှူးထံမှ သိရသည်။
မျိုးသိန်း