မြို့လုံးဆိုင်ရာ လူမှုကူညီရေးအသင်းအတွက် လူနာတင်မော်တော်ယာဉ် တစ်စီး ပေးအပ်လှူဒါန်း

ကမမောင်း ၊ အောက်တိုဘာ ၁၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မြို့လုံးဆိုင်ရာလူမှုကူညီရေး အသင်း အသုံးပြုနိုင်ရန်အတွက် လူနာတင်မော်တော် ယာဉ် တစ်စီးပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က စိန်တစ်လုံးသောက်ရေသန့် စက်ရုံ၌  ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

          

အဆိုပါ လူနာတင်မော်ယာဉ်ကို ကမမောင်း မြို့ရှိ မြရတနာစိုးရွှေဆိုင်မိသားစုမှ ပေးအပ်လှူဒါန်းခဲ့ရာ ကမမောင်းမြို့ ၊မြို့လုံး ဆိုင်ရာလူမှုကူညီရေး အသင်းနာယက ဦးစောသောင်းရွှေ၊ဥက္ကဋ္ဌ ဦးကြည်ထွန်းနှင့်အဖွဲ့ဝင်များက လက်ခံရယူပေးခဲ့ကြောင်း  သိရှိရ သည်။

 

လင်းသန့်