ဘားအံမြိုနယ်၌ ကျောင်းသား/ကျောင်းသူ (၁၀၃၆၀)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်


ဘားအံ အောက်တိုဘာ ၁၂

ကရင်ပြည်နယ် ၊ ဘားအံမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်း ၊ ဘုန်းတော်ကြီးပညာသင်ကျောင်းတိုမှ အသက်(၁၂)နှစ် အထက် ကျောင်းသား ၊ ကျောင်းသူ (၁၀၃၆၀)ဦး တိုကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲထံမှ သိရသည်။
 
ကာကွယ်ဆေးထိုးနှံရာတွင် ဘားအံမြိုနယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၊ အ-ထ-က(ခွဲ)ကျောင်း ၊ အ-လ-ကကျောင်း ၊ အ-လ-က(ခွဲ)ကျောင်း ၊ မူလွန်ကျောင်းများပါဝင်သည့် စုစုပေါင်း အခြေခံပညာကျောင်း(၁၄၀) ၊  ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း ၊ ဘုန်းတော် ကြီး ပညာသင်ကျောင်း(၁)ကျောင်း စုစုပေါင်း(၁၄၂)ကျောင်းမှ အသက်(၁၂)နှစ်အထက် ကျောင်း သားကျောင်းသူ (၁၀၃၆၀)ဦးတိုကို ကာကွယ် ဆေးထိုးနှံပေးသွားမည်ဖြစ်ရာ ကာကွယ်ဆေး ရရှိ ချိန်တွင် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံရေးအဖွဲများ  ဖွဲစည်းထားရှိပြီး စုရပ်(၁၁)နေရာ ပြင်ဆင်ဆောင် ရွက်ထားရှိပြီးဖြစ်ကြောင်း ဘားအံမြိုနယ် စီမံအုပ်ချုပ်ရေး အဖွဲထံသိရှိရသည်။

ခရိုင်(ပြန်/ဆက်)