ပိုင်ကျုံမြို့ အ.ထ.က ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ်(ပထမ)အကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ

ပိုင်ကျုံ   အောက်တိုဘာ  ၁၂


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်  ကာကွယ်နိုင်ရေးနှင့်ကူးစက် ပြန့်ပွားမှု  အမြန် ကာကွယ် ထိန်းချုပ်နိုင် ရေးအတွက်   သံဃာတော်များ၊   အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများ၊    အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေး သည့်  ကျန်းမာရေးဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဈေးရောင်းသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး ခြင်းကိုယနေ့နံနက်(၈)နာရီအချိန်ကပိုင်ကျုံမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

 

ပိုင်ကျုံမြို့အတွင်းရှိ တတိယအသုတ်(ပထမ)အကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကိုအောက်တိုဘာလ(၁၀)က်နေ့မှအောက်တိုဘာလ(၁၁)ရက်နေ့အထိ ကာကွယ်ဆေး   လာရောက်ထိုးနှံသူ(၁၈၃၀)ရှိပြီး    ယနေ့မှာလည်းကာကွယ်ဆေးထိုးနှံရန်    ကျန်ရှိသူများအား    ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

 

ထို့သို့ ဆောင်ရွက်ရာတွင်ကျန်းမာရေးဝန်ထမ်းများ၊စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာမှဝန်ထမ်းများနှင့်ဌာနဆိုင်ရာဝန်ထမ်းများတို့က  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်   ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိ

ကြောင်း သိရှိရသည်။

             

ပိုင်ကျုံ (ပြန်/ဆက်)